မန္တလေးမြို့တွင် မီနီအိုးဝေ အင်ဂျင်အပူလွန်ကဲပြီးမီးလောင်မှုဖြစ်

0
187

မန္တလေးတိုင်း၊ချမ်းအေးသာစံမြို့နယ်၊ ၇၇ လမ်းနှင့် ၃၂ လမ်းထောင့်တွင် ဧပြီ ၁၁ ရက်(ယနေ့)မွန်း လွဲ ၂ နာရီကျော်ခန့်က မီနီအိုးဝေအင်ဂျင်အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီနီအိုးဝေမှာ မောင်းနှင်လာစဥ် မီးလောင်ခဲ့ခြင်းဖြစ်ပြီး ချမ်းအေးသာစံမြို့နယ် မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် မိနစ်ပိုင်းအတွင်း၌ပင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

“မီးလောင်တဲ့အချိန်နဲ့ငြိမ်းသွားတဲ့အချိန်က ခနလေးပေမယ့် မီနီအိုးဝေကတော့ အကုန်လုံးမီးလောင်ပျက်စီးသွားပါတယ် ဘေးပတ်ဝန်းကျင်ကိုမီးကူးတာမရှိသလို မောင်းတဲ့လူလည်းထိခိုက်တာမရှိပါဘူး”ဟု ဒေသခံတစ်ဦးကပြောသည်။

ဖြစ်စဥ်အား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

Photo-Ko Than Htay


LEAVE A REPLY

Please enter your comment!
Please enter your name here