လားရှိုး – သိန္နီ ပြည်ထောင်စုလမ်းတွင် လမ်းဖြတ်ကူးသူကို ကားဖြင့် ဝင်တိုက်၊ ကားသမားမောင်းနှင်ထွက်ပြေး

0
130

ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်ရှိ လားရှိုး – သိန္နီသွား ပြည်ထောင်စု လမ်းမကြီးပေါ်တွင် လမ်းဖြတ်ကူးသူ လူငယ်အား ကားဖြင့်ဝင်တိုက်မိခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဧပြီ (၁၀) ရက် ည ၁၀ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဝင်တိုက်ခဲ့သည့်ကားမှာ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ညပိုင်းက လားရှိုး – သိန္နီသွား ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ အားကစားတိုက်တန်းရှေ့တွင် လမ်းဖြတ်ကူးသည့် အသက် (၁၇) နှစ်အရွယ် လူငယ်အမျိုးသားအား ကားတစ်စီးမှ ဝင်တိုက်မိခဲ့ခြင်းဖြစ်ပြီး လမ်းဖြတ်ကူးသူမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည့်အတွက် လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့မှ မြေပြင်ကုသမှုများပြုလုပ်ပေးခဲ့ကြပြီး လားရှိုးပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“အခင်းဖြစ်တဲ့ဆီကို ရောက်တော့ ကားတိုက်ခံရတဲ့ကောင်လေးက ဗိုက်မှာဒဏ်ရာရထားတယ်။ အသက်(၁၇)နှစ်ပဲရှိသေးတယ်။ တာဝန်ကျယာဥ်ထိန်းတပ်ဖွဲ့နဲ့ ပေါင်းပြီးကူညီပေးခဲ့ပါတယ်။ တိုက်တဲ့ ကားက မောင်းပြေးသွားတယ် “ဟု လားရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here