ပဲခူးမြို့ရှိ ဆုတောင်းပြည့်စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီးအား သံဃာအပါး(၁၀၀၀)ဖြင့် ဗုဒ္ဓါဘိသေကအနေကဇာတင်

0
167

ပဲခူးတိုင်းအစိုးရအဖွဲ့မှဦးဆောင်၍ ပဲခူးမြို့ရှိ ဆုတောင်းပြည့်စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီးအား ဧပြီ ၁၁ ရက်(ယနေ့)နံနက်ပိုင်းက သံဃာအပါး(၁၀၀၀)ဖြင့် ဗုဒ္ဓါဘိသေကအနေကဇာတင်ခဲ့ကြသည်။

ဆုတောင်းပြည့်စွယ်တော်ရှင်မဟာစေတီတော်မြတ်ကြီးအလယ်ပစ္စယံ၌ စေတီတော်မြတ်ကြီး၏ ဩဝါဒါစရိယဆရာတော်ကြီးများနှင့်ပဲခူးမြို့နယ်ရှိကျောင်းတိုက်အသီးသီးမှ ပင့်သံဃာတော်အ ပါး(၁၀၀၀)က ဗုဒ္ဓါဘိသေကအနေကဇာတင်တော်မူခဲ့ကြသည်။

ထို့ပြင် သံဃာတော်အပါး(၁၀၀၀)နှင့်သီလရှင်အပါး(၁၀၀)တို့အား ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်ဇနီး၊တိုင်းတရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်လွင်လွင်အေးကျော်၊အစိုးရအဖွဲ့တာဝန်ရှိသူများ၊တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊တပ်ရင်း/တပ်ဖွဲ့များ၊အလှူရှင်များက ဆွမ်း ဆန်စိမ်းနှင့်လှူဖွယ်ဝတ္တုပစ္စည်းများကို လောင်းလှူပူဇော်ခဲ့ကြသည်။

ထို့နောက် အောင်ပွဲမင်္ဂလာအဖြစ် နိုင်ငံတော်ဩဝါ ဒါစရိယ၊ပဲခူးမြို့၊မြို့မစာသင်တိုက်ပဓာနနာယ၊အဘိဓဇမဟာရဌဂုရု၊ဘဒ္ဒန္တဂန္ဓမာ မဟာထေရ်ထံမှ ပဲခူးတိုင်းဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။

ပဲခူးတိုင်းဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကြွရောက်တော်မူလာကြသည့် ဆရာတော်၊သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီးနောက် လှူဒါန်းမှုအစုစုအတွက် အနု မောဒနာတရားနာကြားကာ ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here