တောင်ကိုရီးယားနိုင်ငံသို့ မြန်မာလုပ်သား ၁၀၀ ကျော်ထပ်မံစေလွှတ်ခဲ့

0
201

တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာလုပ်သား (၁၀၀) ကျော်ကိုထပ်မံစေလွှတ်ခဲ့ကြောင်း မြန်မာသံရုံး၊ဆိုးလ်မြို့မှ အသိပေးထုတ်ပြန်ထားသည်။

အဆိုပါအလုပ်သမားများကို ယနေ့(ဧပြီ ၁၁) ရက်နေ့တွင်စေလွှတ်ခဲ့ခြင်းဖြစ်ပြီး အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် စေလွှတ်သော Re-entry ကုန်ထုတ်လုပ်သား (၈၈) ဦး၊ Re-entry စိုက်ပျိုး/မွေးမြူရေးလုပ်သား (၁၉) ဦး၊ ကုန်ထုတ်လုပ်သားသစ် (၂၁) ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် (၂၂) ဦး၊ စုစုပေါင်း (၁၅၀) ဦးဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားသို့ မြန်မာလုပ်သားစေလွှတ်မှုမှာ သြဂုတ်လတွင် ၁၂၉၃ ဦး၊ စက်တင်ဘာလတွင် ၉၇၈ ဦး၊ အောက်တိုဘာလတွင် ၁၁၆၉ ဦး၊ နိုဝင်ဘာလတွင် ၇၂၈ ဦး၊ ဒီဇင်ဘာလတွင် ၅၉၉ ဦး၊ ဇန်နဝါရီလတွင် ၁၉၃ ဦး၊ဖေဖော်ဝါရီလတွင် ၂၀၀ ဦး၊ မတ်လတွင် ၂၅၃ ဦးစေလွှတ်ခဲ့ပြီးဖြစ်သည်။

ယင်းအပြင် ပြည်ပနိုင်ငံများသို့ OWIC ကတ်ဖြင့် ၂ နှစ်တာကာလအတွင်း အလုပ်သမား ၂၁၀၀၀၀ ကျော်စေလွှတ်နိုင်ခဲ့ပြီး ယင်းတွင် ကိုရီးယားနိုင်ငံသို့ ၈၀၀၀ ကျော်စေလွှတ်ထားကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here