ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့နိုင်ရေး ကျပ် ၇၉ ဘီလီယံ ထောက်ပံ့နိုင်ခဲ့ပြီး ၅နှစ်စာ စာချုပ်ထားဟုဆို

0
240

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ G to G စနစ်ဖြင့်တန်းမြင့်ဆန်တင်ပို့ခြင်းလုပ်ငန်း များဆောင်ရွက်ရာတွင်  နစကအနေဖြင့် ယခုနှစ်အတွင်း ပို့ကုန်ထောက်ပံ့ငွေအဖြစ် ကျပ် ၇၉ ဘီလီယံ ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက နိုင်ငံပိုင်သတင်းဌာနသို့ ဖြေကြားထားသည်။

‘‘ယခင်အစိုးရအဆက်ဆက်က ဆောင်ရွက်ပေးနိုင်ခြင်းမရှိခဲ့သော ပိုကုန်ထောက်ပံ့ငွေအဖြစ် ယခင်နှစ်တွင် ကျပ် ၃၀ ဘီလီယံ၊ ယခုနှစ်တွင် ကျပ် ၇၉ ဘီလီယံကို ထောက်ပံ့နိုင်ခဲ့ပြီး မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား G to G စနစ်ဖြင့် ဆန်ရောင်းဝယ်နိုင်ရန် နားလည်မှုစာချွန်လွှာ MOU ရေးထိုးခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ဆန်တန်ချိန် ၁ သိန်း၊ ၂၀၂၁ ခုနှစ်တွင် ဆန်တန်ချိန် ၁ သိန်းနှင့် ယခု တတိယအကြိမ်တွင် တန်ချိန် ၂ သိန်း တင်ပို့နိုင်ခဲ့သည်ဟုဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်ဆက်လက်တင်ပို့နိုင်ရန်အတွက်
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ စားနပ်ရိက္ခာညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့အကြား ဆန်ရောင်းဝယ်မှုဆိုင်ရာ သဘောတူစာချုပ်ကို ၂၀၂၂ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ ငါးနှစ်စာချုပ် လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း
ဦးအောင်နိုင်ဦးက ဆိုသည်။

ယင်းအပြင် ဆန်စပါးကဏ္ဍ ဖွံဖြိုးရေးအတွက် ပုဂ္ဂလိကကဏ္ဍကလည်း ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားထားသည်။

ယခု၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံတွေထံ ဆန်/ဆန်ကွဲ တင်ပို့ခြင်းကနေ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ (၁) ဘီလီယံ ရရှိရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) အနေဖြင့် ရည်မှန်းထားကြောင်း၊ မြန်မာနိုင်ငံက ထွက်ရှိသည့် ဆန်/ဆန်ကွဲကို တရုတ်မှ တန်ချိန် (၇) သိန်းခွဲကျော်အထိ အများဆုံးဝယ်ယူထားပြီး ဥရောပနိုင်ငံတွေဖြစ်သည့် ဘယ်(လ်)ဂျီယံ၊ ပိုလန်နှင့်စပိန်တို့မှ တန်ချိန် (၅.၅) သိန်းကျော်၊ ဘင်္ဂလားဒေ့ရှ်မှ တန်ချိန် (၂.၄) သိန်းနီးပါးနှင့် ဖိလစ်ပိုင်မှ တန်ချိန် (၂) သိန်းအထိ ဝယ်ယူမှုရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here