ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပျားရည်တန်ချိန် ၁၉၀၀ ကျော်တင်ပို့ထား

0
144

ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပျားရည်တန်ချိန် ၁၉၀၀ ကျော်တင်ပို့ထားကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပျားမွေးမြူရေးဌာနခွဲမှ သိရသည်။

မြန်မာပြည်မှထွက်ရှိသည့်ပျားရည်ကို ပင်လယ်ရေကြောင်းမှ တန်ချိန် ၁၈၅၃.၇၄ တန်နှင့် နယ်စပ်လမ်းကြောင်းမှ ၆၃.၄၄ တန်စုစုပေါင်း တန်ချိန် ၁၉၁၇.၁၈ တန်တင်ပို့ခဲ့ပြီး ယင်းမှ ကန်ဒေါ်လာ ၂ ဒသမ ၈၇၅ သန်းရရှိထားသည်။

မြန်မာ့ပျားရည်ကို တောင်ကိုရီးယား၊ဂျပန်၊ အမေရိကန်၊ တရုတ် (တိုင်ပေ)၊ စင်ကာပူနှင့ ထိုင်းနိုင်ငံကိုတင်ပို့ပြီး နှမ်းပျားရည်၊ ဆီးပျားရည်၊ ပန်းနှမ်းပျားရည်၊ နေကြာပျားရည်၊ ရော်ဘာပျားရည်၊လိုက်ချီးပျားရည်နှင့် ပန်းပေါင်းစုံပျားရည်ကို ထုတ်လုပ်လျက်ရှိသည်။

ပြည်တွင်းစားသုံးရန် နှစ်စဉ် ပျားရည်တန်ချိန် ၂,၀၀၀ ခန့် ထုတ်လုပ်လျက်ရှိကြောင်း၊တိုင်းဒေသကြီးနှင့်ပြည်နယ် ၉ ခုရှိ မြို့နယ်ပေါင်း ၃၁ မြို့နယ်မှလည်း နှစ်စဉ် ပျားရည်ထုတ်လုပ်လျက်ရှိရာ ပျားမွေးမြူရေးဌာနအနေဖြင့် စိုက်ပျိုးသီးနှံဧက ၁၅ သိန်းအား ဝတ်မှုန်ကူးပြောင်းလဲပေးနိုင်ရေး ကြီးကြပ်ဆောင်ရွက်မှု နှင့် ဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here