လားရှိုးမြို့ရှိ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက် ၊သီရိမင်္ဂလာဓမ္မရတနာသုံးထပ်ကျောင်းဆောင်သစ်ဖွင့် 

0
154

ရှမ်းပြည်နယ်၊လားရှိုးမြို့ရှိ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်၌ သီရိမင်္ဂလာဓမ္မရတနာသုံးထပ်ကျောင်းဆောင်သစ်နှင့်ကျောင်း ဆောင်တော်အထွဋ်တွင်တည်ထားသည့် စူဠာမုနိစေတီတော်မြတ်အား ရွှေထီးတော်၊ငှက်မြတ်နားတော်၊ရတနာစိန်ဖူးတော်တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနားများအား ဧပြီ ၁၁ ရက်နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။

သီရီမင်္ဂလာ မန်ဆူရှမ်းကျောင်း တိုက်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာကမ္မဌာနာစရိယ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တပုညနန္ဒ အမှူးပြုသည့် ဆရာတော်၊သံဃာ တော်များကြွရောက်ချီးမြှင့်တော်မူကာ နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ တက်ရောက်ကြည်ညိုပူဇော်ခဲ့ကြသည်။

နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက် ဓမ္မာရုံအတွင်းရှိ နှီးဘုရားဗုဒ္ဓရုပ် ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုကာ ဆရာတော်၊သံဃာတော်များက ပရိတ်တရားတော်များအား ရွတ်ပွားချီးမြှင့်တော်မူခဲ့ကြသည်။

ထို့​နောက်သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက် ဆရာတော်ကြီးထံသို့ ရတနာစိန်ဖူးတော်၊လှူဖွယ်ဝတ္တူပစ္စည်းများအား ဆက်ကပ်လှူဒါန်းကာ ဆရာတော်ကြီးထံမှ အနု မောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး ရွှေထီးတော်၊ငှက်မြတ်နားတော်၊ရတနာစိန်ဖူးတော်နှင့်ဌာပနာ သွင်းလှူပူဇော်မည့် ဓာတ်တော်၊မွေတော်များကို ဓမ္မာရုံတော်အတွင်းမှ ပင့်ဆောင်ပူဇော်ခဲ့သည်။

နစက ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက သီရိမင်္ဂလာဓမ္မရတနာ သုံးထပ်ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်များပက်ဖြန်း၍ ရတနာစိန်ဖူးတော်၊ငှက် မြတ်နားတော်တို့အား စေတီတော်အထွဋ်သို့ ပင့် ဆောင်တင်လှူပူဇော်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here