လားရှိုးလေယာဥ်ကွင်းအား ကုန်တင်လေယာဉ်ကြီးများဆင်းသက်နိုင်သည်အထိ အဆင့်မြှင့်တင်သွားမည်

0
243

လားရှိုးလေယာဥ်ကွင်းသည် ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် အဓိကကျသည့် လေယာဉ် ကွင်းဖြစ်ခြင်းကြောင့် ကုန်တင်လေယာဥ်ကြီးများဆင်းသက်နိုင်သည်အထိ အဆင့်မြှင့်တင်ရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌကမှာကြားခဲ့ခြင်းဖြစ်သည်။

လားရှိုးလေယာဥ်ကွင်း၌ လေယာဉ်ပြေးလမ်းအ ဆင့်မြှင့်တင်တိုးချဲ့နေမှုများကို နစက ဥက္ကဋ္ဌမှ ဧပြီ ၁၁ ရက်က ကြည့်ရှုစစ်ဆေးစဥ်မှာကြားခဲ့ခြင်းဖြစ်သည်။

လားရှိုးလေယာဉ်ကွင်းသည် မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံသို့ ကုန်သွယ်မှုများမြှင့်တင်ဆောင်ရွက်နိုင်မည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသမှအဓိကကျသည့် လေယာဉ်ကွင်းတစ်ခုဖြစ်သည်ဟု ဆိုသည်။

“ဒါ့ကြောင့် ကုန်တင်လေယာဉ်ကြီးတွေ ဆင်းသက်နိုင်တဲ့အထိ အဆင့်မြှင့်တင်တိုးချဲ့ဆောင် ရွက်ရပါမယ်၊ အဲဒီလိုဆောင်ရွက်ခြင်းဟာ ပြည် တွင်းက လေကြောင်းလိုင်းတွေ ပြေးဆွဲမှုကိုလည်း အထောက်အကူဖြစ်စေမှာပါ”ဟု နစက ဥက္ကဋ္ဌက​ပြောကြားခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌသည် လားရှိုးလေယာဉ်ကွင်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေး၍ စီမံကိန်းလုပ်ငန်းများအား ပွင့်လင်းရာသီကာလအတွင်း သတ်မှတ်ထားသည့် လများအလိုက်လျာထားလုပ်ငန်းများပြီး စီးအောင်ဆောင်ရွက်ရန်တာဝန်ရှိသူများအား မှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here