H3N8 ကြက်ငှက်တုပ်ကွေးကြောင့် လူသေဆုံးမှု တရုတ်၌ စပြီ

0
318

ဂျနီဗာ၊ ဧပြီ ၁၂

တရုတ်နိုင်ငံတွင် H3N8 ကြက်ငှက်တုပ်ကွေးရောဂါဖြင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဧပြီလ ၁၁ ရက် အင်္ဂါနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ယင်းဖြစ်ရပ်သည် H3N8 ရောဂါပိုးကြောင့် ပထမဆုံးအကြိမ် လူသေဆုံးမှုလည်း ဖြစ်လာသည်။

ကြက်ငှက်တုပ်ကွေး ရောဂါတစ်မျိုးဖြစ်သော H3N8 သည် စတင်ပေါ်ပေါက်လာသည့် ၂၀၀၂ ခုနှစ်မှစ၍ မြင်းများ၊ ခွေးများနှင့် ဖျံများကိုသာ ကူးစက်လေ့ရှိခဲ့သည်။ WHO က H3N8 သည် လူသားများထံ အလွယ်တကူ ကူးစက်နိုင်ခြင်းမရှိဟု ပြောကြားထားသည်။

သို့ရာတွင် ပြီးခဲ့သည့်နှစ် ဧပြီလနှင့် မေလတွင် H3N8 သည် တရုတ်ပြည်ရှိ လူနှစ်ဦးထံ စတင်ကူးစက်လာခဲ့သည်။ ကမ္ဘာပေါ်တွင် H3N8 ရောဂါပိုး ကူးစက်ခံရသူ သုံးဦးသာ ရှိပြီး ထိုသုံးလုံးစလုံးမှာ တရုတ်ပြည်မှဖြစ်နေသည်။

ယခုလက်ရှိ H3N8 ကြောင့် သေဆုံးသွားသူမှာ ကွမ်းဒုံးပြည်နယ်မှ အသက် ၅၆ နှစ်အရွယ် အမျိုးသမီးဖြစ်သည်။ မတ်လ ၃ ရက်တွင် အဆုတ်ရောင်ရောဂါကြောင့် ဆေးရုံတင်ခဲ့ရပြီးနောက် မတ်လ ၁၆ ရက်တွင် သေဆုံးသွားခဲ့သည်ဟု WHO က ဖော်ပြထားသည်။

H3N8 သည် ရောဂါပိုးရှိသော ငှက်ကြက်တို့ကို ထိတွေ့မိရာမှ ကူးစက်လေ့ရှိပြီး အဆိုပါ အမျိုးသမီးသည်လည်း ရောဂါကူးစက်မခံရမီ ကြက်များနှင့် ထိတွေ့ခဲ့ဖူးကြောင်း သိရသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here