ဂျပန်နိုင်ငံ၏ ပထမဆုံးသော ပုဂ္ဂလိက လ ဆင်းယာဉ် ဧပြီ ၂၆ တွင် လပေါ်ဆင်းမည်

0
197

ဂျပန်နိုင်ငံမှ Ispace Inc မှ ပြုလုပ်သော လ ဆင်းယာဉ်သည် လာမည့် ဧပြီ ၂၆ ရက်နေ့တွင် လ မျက်နှာပြင်ပေါ်သို့ ဆင်းသက်ရောက်ရှိမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီက သတင်းထုတ်ပြန်သည်။ အဆိုပါ လ ဆင်းယာဉ်သည် ကမ္ဘာ့ပထမဆုံးသော ပုဂ္ဂလိကပိုင် လ ဆင်းယာဉ်လည်းဖြစ်သည်။

Hakuto-R စူးစမ်းလေ့လာရေး အစီအစဉ်အောက်တွင် Ispace ကုမ္ပဏီသည် ၎င်းတို့၏ ဆင်းသက်မှုနည်းပညာကို စမ်းသပ်ရန်အတွက် အဆိုပါ လ ဆင်းယာဉ်ကို စေလွှတ်ခဲ့ခြင်းဖြစ်ပြီး၊ တိုကျိုရှိ ကွပ်ကဲမှုစင်တာမှ ထိန်းချုပ်မှုဖြင့် လ မျက်နှာပြင်ပေါ်သို့ ညင်သာစွာဆင်းသက်နိုင်မည်ဟု ခန့်မှန်းထားသည်။

“စီးပွားဖြစ် လကမ္ဘာသွား ခရီးစဉ်တွေအတွက် ခေတ်သစ်ရဲ့ အစဖြစ်တဲ့ သမိုင်းဝင်နေ့ကို ကြိုဆိုဖို့ ကျွန်တော်တို့ စောင့်မျှော်နေကြပါတယ်”ဟု Ispace ကုမ္ပဏီကို တည်ထောင်သူလည်းဖြစ်၊ စီအီးအိုလည်းဖြစ်သူ တာကေရှိဟာကမာဒ က ပြောသည်။

အဆိုပါ လ ဆင်းယာဉ်ကို အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်ရှိ ကိပ်ကာနာဗာရယ် ဒုံးလွှတ်စခန်းမှနေ၍ Space X Felcon 9 ဒုံးပျံဖြင့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့က လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

Ref: Japan startup lander may reach Moon on Apr. 26 in world 1st


LEAVE A REPLY

Please enter your comment!
Please enter your name here