မြန်မာနိုင်ငံအတွင်း လူကုန်ကူးခံရသည့် တရုတ်နိုင်ငံသားအား တရုတ်သံရုံးနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ကူညီကယ်တင်ခဲ့ရ

0
165

မြန်မာနိုင်ငံအတွင်းသို့ ခိုးသွင်းခံရကာ အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်သည့် လုပ်ငန်းတွင် အတင်းအကြပ်ခိုင်းစေခံရသည့် တရုတ်နိုင်ငံသားတစ်ဦးအား ကယ်တင်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကြာသပတေးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ တရုတ်နိုင်ငံသားအား ရာဇ၀တ်ဂိုဏ်း တစ်ခုမှ ဖြားယောင်းသွေးဆောင်ကာ ရှမ်းပြည်နယ် တာချီလိတ်မြို့သို့ ခိုးသွင်းပြီး ၎င်း၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်ကာ လုပ်ငန်းခွင်ထဲ၌ အတင်းအကြပ် အခိုင်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တရုတ်သံရုံးမှ ကယ်ဆယ်ရေးလုပ်ငန်းများ ချက်ချင်းဆောင်ရွက်ပေးခဲ့ရကြောင်း တရုတ်သံရုံးမှ တဆင့် သိရသည်။

ယင်း‌နောက် အဆိုပါ တရုတ်အမျိုးသားအား ဘေးလွတ်ရာသို့ အောင်မြင်စွာရွှေ့ပေးပြောင်းနိုင်ခဲ့ကြောင်း သံရုံးကပြောကြားခဲ့သည်။

တရုတ်နိုင်ငံသားများအနေဖြင့် လစာများများနှင့် သက်သောင့်သက်သာလုပ်ရမည့် အလုပ်များသည် ယခုကဲ့သို့ ဥပဒေနှင့် မလွတ်ကင်းသည်များဖြစ်နေနိုင်သဖြင့် အယုံမလွယ်ကြရန်လည်း သံရုံးကတိုက်တွန်း ထားသည်။

အကယ်၍ မြန်မာနိုင်ငံအတွင်း၌ ယခုကဲ့သို့ ဖြစ်ရပ်များ ရှိနေပါက ကာယကံရှင်များမှ ဖြစ်စေ၊ မိသားစုဝင်များကဖြစ်စေ တရုတ်နှင့် မြန်မာရဲတပ်ဖွဲ့သို့လည်း‌ကောင်း၊ မြန်မာနိုင်ငံရှိ တရုတ်သံတမန် အဖွဲ့များထံသို့ အမြန်ဆုံးအ ကြောင်းကြားရန် တရုတ်သံရုံးက အသိပေးထားသည်။

Source – ဂလိုဘယ်လ်တိုင်းမ်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here