စင်ကာပူ ရေနံနှင့်ဓာတုပစ္စည်းတင် သင်္ဘောတစ်စင်း ပင်လယ်ဓားပြစီးနင်းခံရ

0
276

အာဖရိကအနောက်ပိုင်း အိုင်ဗရီကို့စ်မှ ကီလိုမီတာ ၅၇၀ အကွာ ပင်လယ်ထဲတွင်ရှိသော စင်ကာပူနိုင်ငံအလံတင် သင်္ဘောတစ်စင်းကို တနင်္လာနေ့ ည ၁၀ နာရီအချိန်ခန့်က ပင်လယ်ဓားပြများက စီးနင်းခဲ့ကြသည်။

လုံခြုံရေးအတိုင်ပင်ခံကုမ္ပဏီဖြစ်သည့် Praesidium International မှ Success 9 ဟု သတ်မှတ်ထားသော အဆိုပါသင်္ဘောသည် ဓာတုနှင့်ရေနံထွက်ပစ္စည်းများတင်ဆောင်လာသည့် သင်္ဘောဖြစ်သည်။

ပြင်သစ်နှင့် ဗြိတိန် ပူးတွဲရေကြောင်းစောင့်ကြည့်ရေး အဖွဲ့မှ ယင်းအဖြစ်အပျက်ကို ပထမဆုံး သိရှိကာ သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့သည်။ Abidjan မြို့တောင်ဘက် ရေမိုင် ၃၀၀ ခန့်အကွာတွင် ပင်လယ်ဓားပြများသည် အဆိုပါသင်္ဘောပေါ် စီးနင်းတက်ရောက်ခဲ့ကြသည်ဟု ဆိုသည်။

အင်္ဂါနေ့အထိ နောက်ထပ်အသေးစိတ်အချက်အလက်များကို မသိရသေးချေ။

The Straits Times မှမေးမြန်းချက်များအရ ယင်းသင်္ဘောပေါ်တွင် လူမျိုးပေါင်းစုံမှ သင်္ဘောသား ၂၀ ဦးပါရှိပြီး၊ စင်ကာပူနိုင်ငံသား တစ်ဦးလည်းပါဝင်ကြောင်း စင်ကာပူရေကြောင်းနှင့်ဆိပ်ကမ်းအာဏာပိုင် (MPA) မှ ပြန်လည်ဖြေကြားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here