ထိုင်းနိုင်ငံတောင်ပိုင်း၌ စပိဘုတ်ပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံးပြီးတစ်ဦးဒဏ်ရာရ

0
178

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်ဆိပ်ခံတံတား၌ ဆိုက်ကပ် ထားသည့် ခရီးသည်တင်စပိဘုတ်တစ်စီး သည် ယမန်နေ့က ပေါက်ကွဲမှုကြောင့် လူနှစ်ဦးဒဏ်ရာရခဲ့ပြီး တစ်ဦးသည်ဆေးရုံအရောက်၌သေဆုံးသွားကြောင်းသိရသည်။

ည (၈) နာရီအချိန်ခန့်တွင် ဖန်ငဆိပ်ကမ်းရုံးမှ စပိဘုတ်ပေါက်ကွဲသံကဲ့သို့ ပေါက်ကွဲသံတစ်ခုကျယ်လောင်စွာထွက်ပေါ်လာကြောင်း သတင်းရရှိသည်ဟုဆိုသည်။

ဖန်ငရေတပ်စခန်းမှတပ်မတော်သားများ၊ဖန်င သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့်လျော့ပါးရေး ဦးစီးဌာနမှတာဝန်ရှိသူများ၊‌မွေထိုင်းရဲစခန်းမှ အရာရှိများနှင့် Narenthorn EMS Center မှ ကယ်ဆယ်ရေးဝန်ထမ်းများလည်း အခင်းဖြစ်ရာသို့အလျင်အမြန်သွားရောက်ခဲ့ကြသည်။ 

ပေါက်ကွဲမှုဖြစ်ခဲ့သည့်စပိဘုတ်သည် ခရီးသည် ၃၅ ယောက်ခန့်နှင့် ဝန်ထမ်းသုံးယောက်ခန့်တင်ဆောင်နိုင်သည့် ခရီးသည်များလှေစီးထွက်ရာ၌သုံးသည့် စပိဘုတ်တစ်မျိုးဖြစ်သည်။

ပေါက်ကွဲမှုဖြစ်ပွားချိန်၌ လှေသည်ရေငုပ်အောက်ဆီဂျင်အများအပြားကို သယ်ဆောင်လာခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။အဆိုပါပေါက်ကွဲမှုကြောင့် လှေပေါ်ရှိဝန်ထမ်းနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ ဆေးရုံ၌ကုသမှုခံယူနေစဉ် တစ်ဦးသေဆုံးသွားကြောင်းသိရသည်။

အာဏာပိုင်များအနေဖြင့်လည်း ပေါက်ကွဲမှုဖြစ်ရခြင်းနှင့်ပတ်သက်၍ လှေပိုင်ရှင်အားစစ်ဆေးမေးမြန်းလျက်ရှိကာ ကျန်လှေများကိုလည်း စုံစမ်းစစ်ဆေးဆဲကာလအတွင်း ထွက်ခွာခြင်းမပြုရန်တားမြစ်ထားကြောင်းသိရသည်။

Source : The Thaiger


LEAVE A REPLY

Please enter your comment!
Please enter your name here