မြောက်ကိုရီးယားဒုံးကျည်လမ်းကြောင်းခန့်မှန်းရာတွင် မှားယွင်းခန့်မှန်းခဲ့မှုကြောင့် အရေးပေါ် သတိပေးချက် ဂျပန်တွင် ရုတ်သိမ်း

0
198

မြောက်ကိုရီးယားမှ ဒုံးကျည်တစ်စင်း စမ်းသပ်ပစ်လွှတ်မှုကို ကြိုတင်ခန့်မှန်းရာတွင် ထိုသို့ခန်းမှန်းသော အရေးပေါ်သတိပေးစနစ်ချွတ်ယွင်းကာ မှားယွင်းခန့်မှန်းခဲ့ခြင်းကြောင့် ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးကျွန်းနေပြည်သူများအား ဘေးလွတ်ရာရွှေ့ပြောင်းရန် သတိပေးချက်ကို ဂျပန်အစိုးရက ပြန်လည်ရုတ်သိမ်းလိုက်ပြီဖြစ်ကြောင်းသိရသည်။

မြောက်ကိုရီးယားက အဆိုပါ ဒုံးကျည်ကို ယနေ့ ကြာသပတေးနေ့(ဧပြီ ၁၃) နံနက် ဒေသစံတော်ချိန် ၇ နာရီ ၂၃ မိနစ်ခန့်က ပစ်လွှတ်ခဲ့ပြီးနောက် ဟော့ကိုင်းဒိုးမြို့ခံများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် ဂျပန်အစိုးရက သတိပေးချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ထိုသို့ခန့်မှန်းရာတွင် အသုံးပြုသည့် ဂျပန်နိုင်ငံ၏ အရေးပေါ်သတိပေးစနစ်ချွတ်ယွင်းမှုကြောင့် မြောက်ကိုရီးယားဒုံးကျည်သည် ဟော့ကိုင်းဒိုးကျွန်းအနီးတွင် ကျရောက်မည်ဟု မှားယွင်းစွာခန့်မှန်းခဲ့ခြင်းကို သိရှိပြီးနောက် အရေးပေါ်သတိပေးချက်ထုတ်ပြန်ထားခြင်းကို ပြန်လည်ရုတ်သိမ်းလိုက်ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here