ဒဂုံမြို့သစ် ၄ မြို့နယ်မှ မျက်စိဝေဒနာရှင် ၁၂၅၄ ဦးကို အခမဲ့ခွဲစိတ်စမ်းသပ်ကုသပေးခဲ့

0
230

သီတဂူဆရာတော်ကြီးဦးဆောင်ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ဒဂုံမြို့သစ်(တောင်ပိုင်း)၊ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်တို့ရှိ မျက်စိဝေဒနာရှင်များအား သီတဂူနယ်လှည့်မျက်စိအထူးကုဆရာဝန်၊ပါရဂူကြီးများက အခမဲ့ခွဲစိတ်စမ်းသပ်ကုသပေးခဲ့သည်။

ထိုသို့ အခမဲ့ခွဲစိတ်စမ်းသပ်ကုသပေးခြင်းအား သီတဂူစက္ခုဒါနဆေးရုံတော်ကြီး(ရန်ကုန်)၌ ဧပြီ ၅ ရက်မှ ၁၀ ရက်အထိ ဆောင်ရွက်ပေးခဲ့ရာ မျက်စိဝေဒနာရှင် ၁၂၅၄ ဦးအားကုသပေးနိုင်ခဲ့ကြောင်းသိရသည်။

သီတဂူနယ်လှည့်မျက်စိအထူးကုဆရာဝန်၊ပါရဂူကြီးများက ဧပြီ ၅ ရက်၊ ၆ ရက်၊ ၇ ရက်တို့တွင် မျက်စိဝေဒနာရှင်များအား စမ်းသပ်စစ်ဆေးပေးခဲ့ပြီး ဧပြီ ၇ ရက်ညနေမှစတင်၍ ဧပြီ ၁၀ ရက်အ ထိ မျက်စိဝေဒနာရှင် ၁၇၄ ဦးကိုခွဲစိတ်ကုသပေးခဲ့ကြသည်။

ထို့ပြင် Laser Treatment ကုထုံးဖြင့် မျက်စိဝဒနာရှင် ၃၈ ဦးကိုလည်း ကုသပေးခဲ့ကာ လိုအပ်သည့်ဆေးဝါးများကိုပါ လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

သီတဂူနယ်လှည့်မျက်စိအထူးကုဆရာဝန်၊ပါရဂူကြီးများက ရန်ကုန်တိုင်း၏ မြို့နယ်များအတွင်းရှိ မျက်စိဝေဒနာရှင်များအား သီတဂူဆရာတော်ကြီး၏ဦးဆောင်မှုဖြင့် အခမဲ့ခွဲစိတ်စမ်းသတ်ကုသခြင်းများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here