ဘရာဇီးသမ္မတ လူလာ တရုတ်နိုင်ငံသို့ နိုင်ငံတော် ခရီးစဥ် ဖြင့် ရောက်ရှိ

0
149

ရှန်ဟိုင်း၊ ဧပြီ ၁၃

ဘရာဇီးသမ္မတ လူဝီ အင်နာချီယို လူလာ ဒဆေးလ်ဗား သည် ဧပြီလ ၁၂ ရက် ဗုဒ္ဓဟူးနေ့ညတွင် နိုင်ငံတော် အလည်အပတ်ခရီးစဥ် အနေဖြင့် တရုတ်နိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

လူလာသည် ဇနီးဖြစ်သူ ရိုတန်ဂျလာ ဂျန်ဂျာ ဒဆေးလ်ဗား နှင့်အတူ ရှန်ဟိုင်းမြို့သို့ မနေ့ညက ရောက်ရှိလာခဲ့ပြီး သောကြာနေ့တွင် သမ္မတ ရှီကျင့်ဖျင်နှင့် ပေကျင်း၌ တွေ့ဆုံသွားမည် ဖြစ်သည်။

ထို့ပြင် တရုတ်ပြည်ခရီးစဉ် မစခင် လူလာသည် ရှီအား ဘရာဇီးသို့ အလည်အပတ် လာရောက်ရန် ဖိတ်ခေါ်သွားမည်ဟု ပြောလာခဲ့သည်။ “တရုတ်နဲ့ ကျွန်တော်တို့ရဲ့ နက်ရှိုင်းတဲ့ ဆက်ဆံရေးကို ပိုမို ခိုင်မာလာအောင် လုပ်မယ်။ နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲလုပ်ဖို့၊ မိမိနိုင်ငံနဲ့ အကျွမ်းတဝင်ရှိလာစေဖို့နဲ့ တရုတ်ဘက်က စိတ်ဝင်စားပြီး ရင်းနှီးမြှုပ်နှံခြင်မယ့် စီမံကိန်းတွေကို ပြသဖို့အတွက် ရှီကျင့်ဖျင်ကို ဘရာဇီးဆီ အလည်လာဖို့ ဖိတ်ခေါ်သွားမယ်” လို့ သူက ပြောခဲ့သည်။

လူလာသည် ဘရားဇီး၏ အကြီးဆုံး ကုန်သွယ်ဖက်ဖြစ်သည့် တရုတ်နှင့်သာမက တရုတ်၏ အဓိကပြိုင်ဖက်ဖြစ်သော အမေရိက နှင့်ပါ ရင်းနှီးသော ဆက်ဆံရေးထားရှိရန် ကြိုးပမ်းနေသည်။ တရုတ်ပြည်ခရီးစဉ် မစတင်မီ ပြီးခဲ့သည့် ဖေဖော်ရီလက လူလာသည် အိမ်ဖြူတော်သို့ သွားရောက်ကာ ဘိုင်ဒင်နှင့် တွေ့ဆုံခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here