ရန်ကုန်တိုင်း၊သာကေတမြို့နယ်၊ဧရာဝဏ်လမ်းမကြီးပေါ်ရှိ ကွေ့မအိမ်ယာအနီးတွင် ဧပြီ ၁၂ ရက်ည ၁၀ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။
“လမ်းဖြတ်ကူးတဲ့လူကိုဝင်တိုက်မိပြီး သုံးဘီးဆိုင်ကယ်လည်းမှောက်သွားတယ် သုံးဘီးဆိုင်ကယ် မောင်းတဲ့လူဒဏ်ရာရသွားတယ် မြေပြင်ကုသမှုတွေလုပ်ပေးခဲ့ပါတယ် လမ်းဖြတ်ကူးသူကတော့ သေဆုံးသွားပါတယ် နှစ်ယောက်လုံးကအသက် (၃၀)နှစ်ဝန်းကျင်တွေကြီးပဲ”ဟု သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
ဖြစ်စဥ်တွင် လမ်းဖြတ်ကူးသူမှာ ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာတွင်သေဆုံးသွားသဖြင့် ရုပ်အလောင်းအား အောင်နိုင်သူလူမှုကူညီရေးအသင်းကားဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။