ပုဂံသို့ သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း တစ်ရက်လျှင် ဘုရားဖူးရှစ်သောင်းကျော် လာရောက်

0
148

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သင်္ကြန်ကာလရုံးပိတ်ရက်ကာလအတွင်း တစ်ရက်လျှင် ခရီးသွားဧည့်သည် ရှစ်သောင်းကျော်လာရောက်လည်ပတ်မှုရှိကြောင်း သိရသည်။

ရွှေစည်းခုံဘုရား၊ အာနန္ဒာဘုရား၊ လောကနန္ဒာဘုရား၊ ဗူးဘုရားနှင့် မဟာငှက်ပစ်တောင်ဘုရားတို့ကို နံနက် ၄ နာရီခွဲမှ ည ၈ နာရီအထိ ဖွင့်လှစ်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ခရီးသွားရာသီမှစတင်ပြီး ပြည်တွင်းခရီးသွားလုပ်ငန်းသည်တိုးတက်လာကြောင်း၊ ပုဂံဒေသအပြင်၊ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မန္တလေးတိုင်းနှင့် ကမ်းခြေဒေသများသို့ အများဆုံးသွားရောက်လည်ပတ်မှုရှိကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ ဦးနောင်းနောင်းဟန်က ပြောကြားထားသည်။

ယင်းအပြင် ယခုလတွင် ပြည်တွင်းခရီးသွားဧည့်သည်များတဟုန်ထိုးတက်လာနိုင်ပြီး လာမည့်မေလမှစတင်ကာ ‌ခရီးသွားဧည့်သည်စတင်လျော့နည်းသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here