ကိုလ်းကတ္တား၌ ရေအောက်မီးရထားစမ်းသပ်ပြေးဆွဲ

0
164

အိန္ဒိယနိုင်ငံ၏ကိုလ်းကတ္တားမီးရထားစနစ်သည် ရေအောက်စမ်းသပ်ပြေးဆွဲမှုအား အောင်မြင်စွာပြုလုပ်နိုင်ခဲ့သဖြင့် နိုင်ငံအတွက် သမိုင်းဝင်စွမ်းဆောင်မှုတစ်ခုအား ရရှိသည်ဟုဆိုနိုင်ခဲ့သည်။

အဆိုပါရေအောက်စမ်းသပ်ပြေးဆွဲမှုအား ဂင်္ဂါမြစ်၏အဓိကမြစ်လက်တက်တစ်ခုဖြစ်သော ဟူဂလီမြစ်အောက်တွင်စမ်းသပ်ပြေးဆွဲခဲ့သည်ဟုသိရသည်။

“အချိန်အတော်ကြာစောင့်လိုက်ရပြီးတဲ့နောက် ၁၂ ရက် ၄ လ ၂၀၂၃ ခုနှစ်မှာ အိန္ဒိယရဲ့ကိုလ်းကတ္တားဟာ သမိုင်းဝင်အရာတစ်ခုကိုဖန်တီးနိုင်ခဲ့ပါပြီ၊ရေအောက်စမ်းသပ်ပြေးဆွဲမှုကို ရေစီးသန်တဲ့ဟူဂလီမြစ်ရဲ ရေအောက်မှာပြုလုပ်နိုင်ခဲ့ပါပြီ” ဟု တာဝန်ရှိသူများ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဟူဂလီမြစ်အောက်ရှိ အဆိုပါဥမင်လိုဏ်ခေါင်းသည် ရေအောက် ၃၂ မီတာအနက်ရှိပြီး အင်ဂျင်နီယာများ၏အံ့မခန်းစွမ်းဆောင်မှုတစ်ခုအဖြစ်ယူဆခဲ့ကြသည်။

၂၀၂၂  ခုနှစ်အစောပိုင်းက ကိုလ်း ကတ္တားမက်ထရိုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ပြောကြားချက်အရ East – West Metro Corridor ပရောဂျက်သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ပြီးစီးရန်မျှော်လင့်ထားသည်ဟုလည်းသိရသည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here