လားရှိုးမြို့တွင် ကားပေါ်၌ထောင်ထားသည့် လက်လုပ်ဗုံးပေါက်ကွဲ ၄ ဦးသေဆုံး အသက်(၃) နှစ်အရွယ်ကလေးငယ်အပါအဝင် ၁၁ ဦးဒဏ်ရာရ

0
279

ရှမ်းပြည်နယ်၊လားရှိုးမြို့၊ရပ်ကွက်(၁)ရှိ မြို့အဝင်မုခ်ဦးအနီး “ရန်တိုင်းအောင်”ဘုရားဝန်းရှေ့ပန်းခြံအနီးတွင် ဧပြီ ၁၃ ရက်(ယနေ့)နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က လက်နက်ကိုင်အဖွဲ့ဝင်များမှ ကားပေါ် ၌ထောင်ထားခဲ့သည့် လက်လုပ်ဗုံးပေါက်ကွဲခဲ့သည်ဟု နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

“ရန်တိုင်းအောင်”ဘုရားဝန်းရှေ့ ပန်းခြံအနီး ကားများရပ်နားထားသည့်နေရာတွင်ရပ်ထားသည့် Honda Fit (အနီရောင်)ကားပေါ်တွင် ထောင်ထားသည့် လက်လုပ်ဗုံး ၁ လုံးပေါက်ကွဲခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် ဘုရားဖူးလာသူများအနက် ၄ ဦးမှာ ဗုံးစထိမှန်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေ ရာ၌သေဆုံးသွားခဲ့ပြီး အသက်(၃)နှစ်အရွယ်ရှိ ကလေးငယ် ၁ ဦးအပါအဝင် ၁၁ ဦးတွင်လည်း ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက လားရှိုးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် လက်လုပ်ဗုံးပေါက်ကွဲခဲ့သည့် နေရာအနီး ၌ရပ်ထားသော ကားများ၊ဆိုင်ကယ်များနှင့်စျေးဆိုင်အချို့မှာလည်း ပျက်ဆီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here