ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းအပိုင်တွင် ယနေ့နံနက်က မိနစ်ပိုင်းသာခြား၍ ယာဥ်မတော်တဆမှု ၂ ခုဖြစ်ပွားခဲ့ ထိခိုက်သူမရှိ

0
179

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းအပိုင်တွင် ဧပြီ ၁၄ ရက် (ယနေ့)နံနက်ပိုင်းက မိနစ်ပိုင်းသာခြား၍ ယာဥ်မတော်တဆမှု ၂ ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

နံနက် ၈ နာရီခန့်က ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းအပိုင် မိုင်တိုင်အမှတ်(၆၈/၃)တွင် အိမ်စီးကားတစ်စီးသည် ကားဘီးလေလျော့ပြီး လမ်းတစ်ဖက်ရှိချောင်းကူးတံတားအား ဝင်တိုက်မိခဲ့သဖြင့် ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

ထို့ပြင် နံနက် ၈ နာရီ ၂၀ မိနစ်ခန့်တွင်လည်း ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းအပိုင် မိုင် တိုင်အမှတ် ၆၉/၇ နှင့် ၇၀/၀ ကြားတွင် အမျိုးသား ၂ ဦးနှင့်အမျိုးသမီး ၃ ဦးလိုက်ပါလာသည့် အိမ်စီးကားသည် အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်ခဲ့၍ ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

ယာဥ်မတော်တဆမှုဖြစ်စဥ် ၂ ခု၌ ကားပေါ်တွင်လိုက်ပါလာသူများအားလုံးမှာ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here