တက္ကဆပ်စ် ရှိ နို့စား‌ နွား မွေးမြူရေးခြံပေါက်ကွဲ, နွားကောင်ရေ ၁၈,၀၀၀ ကျော်သေ

0
184

တက္ကဆပ်စ်ပြည်နယ် ပန်ဟန်းဒဲလ်မြို့ရှိ နို့စား နွား မွေးမြူရေးခြံတစ်ခု၌ ပြင်းထန်သောပေါက်ကွဲမှုဖြစ်ပေါ်ခဲ့သဖြင့် နွား ၁၈,၀၀၀ ကျော်သေဆုံးကာ ဝန်ထမ်းတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီးနွားအသေအပျောက်အများဆုံးမီးလောင်မှုအဖြစ်မှတ်တမ်းတင်ခဲ့ရသည်ဟုဆိုသည်။

ဒင်းမစ်ထ်ဒေသရှိ Southfork နို့ခြံ၌ တနင်္လာ‌နေ့ညကနွားများအားနို့ညှစ်ရန်ပြင်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ကာ မွေးမြူရေးခြံတစ်လျှောက် မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု တာဝန်ရှိသူများကပြောကြားခဲ့သည်။

အဆောက်အအုံအတွင်းမှ ကယ်တင်နိုင်ခဲ့သည့်မွေးမြူရေးခြံလုပ်သားတစ်သားတစ်ဦးကိုလည်း ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ၎င်း၏အ‌ခြေ‌အနေမှာစိုးရိမ်ရသော်ငြား တည်ငြိမ်နေဆဲဖြစ်သည်ဟုသိရသည်။

မီးလောင်ရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးသူများ က မဆုံးဖြတ်ရသေးသော်လည်း ခြံတွင်းမှ အမှိုက်များကိုစုပ်ယူရာ၌အသုံးပြုသည့် လျှပ်စစ်ပစ္စည်းများ အပူလွန်ကဲကာလောင်ကျွမ်းမှုမျိုးဖြစ်နိုင်ကြောင်း Castro County မှ တာဝန်ရှိသူတစ်ဦးကသုံးသပ်ပြောကြားခဲ့သည်။

ယခုဖြစ်စဉ်သည် တိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် Animal Welfare Institute က ၂၀၁၃ ခုနှစ်မှစကာ ‌မွေးမြူရေးခြံမီးလောင်မှုများအား ခြေရာခံအ‌ရေးယူခြင်းများစတင်ပြီးနောက်ပိုင်း အမေရိက၌ဖြစ်‌ပေါ်ခဲ့သမျှ တိရစ္ဆာန်သေဆုံးမှုများအနက် အကြီးမားဆုံးဖြစ်ရပ်ဖြစ်သည်ဟုလည်းသိရသည်။

Source : The Dallas Morning News
Photo credit : Daily Mail


LEAVE A REPLY

Please enter your comment!
Please enter your name here