ပထမဆုံးသော လောင်စာအခဲသုံး ဒုံးကျည် မြောက်ကိုရီးယား စမ်းသပ်ပစ်လွှတ်

0
217

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ ပိုမိုအဆင့်မြင့်ပြီး အားကောင်းသည့် လက်နက်များ တီထွင်ထုတ်လုပ်ရန် အဓိက ရည်မှန်းချက်ကို အကောင်အထည်ဖော်သောအနေဖြင့် မြောက်ကိုရီးယားနိုင်ငံ၏ ပထမဆုံးသော လောင်စာအခဲသုံး တိုက်ချင်းပစ်ဒုံးကျည်(ICBM)တစ်စင်းကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။

ယင်းဒုံးကျည်ကို တောင်ကိုရီးယားနှင့် ဂျပန်တို့က ကြာသပတေးနေ့တွင် ရှာဖွေတွေ့ရှိခဲ့ပြီး ဟော့ကိုင်းဒိုးကျွန်းတွင် နေထိုင်သူများကို ဘေးလွတ်ရာသို့ ခေတ္တပြောင်းရွှေ့ရန် အမိန့်ပေးခဲ့သည်။

Hwasong-18 ဟု အမည်ပေးထားသည့် ဒုံးကျည်ပစ်လွှတ်မှုအား မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက ယနေ့ သောကြာနေ့ နံနက်ပိုင်းတွင် အတည်ပြုခဲ့သည်။

ဒုံးပျံပစ်လွှတ်ခြင်းကို ကင်ဂျုံအန်က သူ၏သမီးငယ်နှင့်အတူ ကြီးကြပ်ခဲ့ကြောင်း မြောက်ကိုရီးယားသတင်းဌာနကဆိုသည်။

မဟာဗျူဟာမြောက် စစ်အင်အား၏ အဓိကနည်းလမ်းအဖြစ် တိုက်ချင်းပစ်ဒုံးကျည် အမျိုးအစားသစ်ကို ကြာသပတေးနေ့က စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်းနှင့် အဆိုပါစမ်းသပ်မှုသည် အံ့ဖွယ်အောင်မြင်မှုတစ်ခုဖြစ်ကြောင်း ကိုရီးယားဗဟိုသတင်းအေဂျင်စီ(KCNA) မှ ရေးသားဖော်ပြခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here