သံလွင်မြစ်အတွင်း ရေနစ်ပျောက်ဆုံးသွားသူအား စတင်ရှာဖွေလျက်ရှိ

0
144

ကရင်ပြည်နယ်၊ဘားအံမြို့၊ကမ်းနားလမ်းရှိ သံလွင်မြစ်အတွင်းသို့ ဧပြီ ၁၃ ရက်ညနေ ၅ နာရီ ၁၅ မိနစ်ခန့်က အမျိုးသား ၁ ဦး ရေဆင်းကူးရာမှပျောက်ဆုံးသွားခဲ့သည်ဟု မာဃလူမှုကူညီရေးအသင်းမှ သိရသည်။

“သိသိချင်းပဲကယ်ဆယ်ရေးလုပ်ဖို့သွားခဲ့တယ် အခြေအနေအမျိုးမျိုးကြောင့် ကယ်ဆယ်ရေးလုပ်ဖို့အဆင်မပြေတဲ့အတွက် ဒီနေ့မနက်ကြမှရှာဖွေမှုစတင်ရတာပါ အခင်းဖြစ်စဥ်ကိုသွားတဲ့အချိန် ပတ်ဝန်းကျင်ကလူတွေပြောပုံအရ အခုရေနစ်ပျောက်ဆုံးသွားတဲ့လူက အရက်မူးနေတယ်လို့သိရပါတယ် သက်လတ်ပိုင်းအရွယ်လောက်လို့သိထားပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ရေနစ်ပျောက်ဆုံးသွားသည့် အမျိုးသားအား မာဃလူမှုကူညီရေးအသင်းမှ ဧပြီ ၁၄ ရက်(ယ နေ့)နံနက် ၇ နာရီမှစတင်ကာ သံလွင်မြစ်တစ် လျှောက်တွင် စက်လှေများဖြင့်စတင်ရှာဖွေလျက်ရှိကြောင်း သိရသည်။

“ရေငုတ်ပြီးရှာဖွေဖို့တွေလည်း စီစဥ်ထားပါတယ် လက်ရှိအချိန်အထိကတော့မတွေ့သေးပါဘူး ရှာဖွေရေးလုပ်ငန်းကို မီးသတ်တပ်ဖွဲ့နဲ့ပေါင်းပြီး လုပ်ဆောင်နေပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

Photo-မာဃလူမှုကူညီရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here