ပင်တဂွန် စစ်ဌာနချုပ်၏ လျှို့ဝှက်ချက်များ ပေါက်ကြားမှုနှင့် ပတ်သက်၍ အမေရိကန် လေတပ်သား အဖမ်းခံရ

0
188

ဝါရှင်တန်၊ ဧပြီ ၁၄

FBI အေးဂျင့်များသည် မကြာသေးမီကမှ ကမ္ဘာ့အစိုးရ အဖွဲ့အစည်းများအတွင်း ဂယက်ထသွားစေခဲ့သော ပင်တဂွန် စစ်ဌာနချုပ်၏ လျှို့ဝှက်ချက်များ ပေါက်ကြားမှုနှင့် ပတ်သက်၍ ကြိုးကိုင်ခဲ့သည်ဟု သံသယရှိသော အသက်၂၁ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဧပြီလ ၁၃ ရက် ကြာသပတေးနေ့တွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။

အဆိုပါ အမျိုးသားမှာ ဂျက်ခ် တေရှည်ရာ ဆိုသူဖြစ်ပြီး အမေရိကန် လေတပ် အစောင့်တပ်ဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ ဂျက်ခ်သည် အိုင်တီနှင့် ဆက်သွယ်ရေး အထူးကျွမ်းကျင်သူဖြစ်သည့်အပြင် ပင်တဂွန်၏ စာရွက်စာတမ်းများအား ပထမဆုံးအကြိမ် ပေါက်ကြားစေခဲ့သော အွန်လိုင်း စကားပြော ဂရု(ပ်) ၏ ခေါင်းဆောင်လည်းဖြစ်သည်။

“Thug Shaker Central” ဟု ခေါ်သော အဆိုပါ Discord ဂရု(ပ်) တွင် ရုရှားနှင့် ယူကရိန်းနိုင်ငံသားအချို့ အပါအဝင် အဖွဲ့ဝင် ၂၄ ဦး ရှိပြီး သေနတ်များ၊ စစ်လက်နက်များပစ္စည်းများနှင့် ဘုရားသခင် အကြောင်းများကို ဆွေးနွေးလေ့ရှိပုံရသည်။

ယင်းကဲ့သို့ လုံခြုံ‌ရေး ချိုးဖောက်ခံရမှုသည် အမေရိကန်အစိုးရအတွက် အရှက်စရာ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သည်။ ထိုပေါက်ကြားမှုတွင် ယူကရိန်းနှင့် ပတ်သက်သော ထိပ်တန်း လျှို့ဝှက်စာရွက်စာတမ်းများ ပါဝင်နေခဲ့သည့်အပြင် မိတ်ဖက်နိုင်ငံများဖြစ်သော တောင်ကိုရီးယားနှင့် အစ္စရေး တို့အပေါ်ကိုပါ အမေရိက က စောင့်ကြည့်မှုများ လုပ်နေကြောင်း ညွှန်ပြနေခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here