တစ်နှစ်လုံးလုံး အလုပ်လုပ်စရာ မလိုဘဲ လစာရမယ့်ဆုကို တရုတ်ကုမ္ပဏီမှ ဝန်ထမ်း တစ်ဦး ရရှိ

0
157

တရုတ်နိုင်ငံ ရှန်းကျန့်မြို့က အမည်မသိ ကုမ္ပဏီတစ်ခုရဲ့ ဝန်ထမ်းတစ်ဦးဟာ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ကုမ္ပဏီရဲ့ နှစ်ပတ်လည် ညစာစားပွဲမှာ တစ်နှစ်တိတိ အလုပ်လုပ်စရာ မလိုဘဲ လုပ်ခလစာ ခံစားခွင့်ရမယ့်ဆုကို ရရှိခဲ့တယ်လို့ သိရပါတယ်။

ဆုရရှိခဲ့တဲ့သူကတော့ ချန် လို့ခေါ်တဲ့သူ ဖြစ်ပြီး ကုမ္ပဏီရဲ့ စီမံခန့်ခွဲရေးဌာနက ဝန်ထမ်းတစ်ဦးပါ။ ဆိုရှယ်မီဒီယာမှာ ပျံ့နှံလာတဲ့ ဗီဒီယိုမှာဆို ချန်ဟာ “လစာပြည့် ခွင့် ၃၆၅ ရက်” လို့ ရေးထားတဲ့ ဆုကြီးကို ကိုင်ပြီး မယုံနိုင်ဖြစ်နေတာကို တွေ့ရမှာပါ။

ချန်ရဲ့ ကုမ္ပဏီဟာ ကိုဗစ်ရောဂါကြောင့် နှစ်ပတ်လည် ညစာစားပွဲ မကျင်းပဖြစ်တာ သုံးနှစ် ကြာရှိပါပြီ။ အဲဒါကြောင့် ဒီတစ်ခေါက် ညစာစားပွဲမှာ ဝန်ထမ်းတွေကို အလုပ်ဖိစီးတဲ့ ဒဏ်ကနေ သက်သာရာရအောင် ဆိုပြီး မဲနှိုက်ပွဲလုပ်ပေးကာ အခုလို ဆုကြီးမျိုး ထည့်သွင်းပေးခဲ့တာလို့ တရုတ်မီဒီယာက ဖော်ပြထားပါတယ်။

ဒီသတင်းဟာ တရုတ်ပြည်က အင်တာနက်အသုံးပြုသူတွေကြား ရေပန်းစားသွားပြီး အားကျတဲ့သူတွေက အဲဒီကုမ္ပဏီမှာ အလုပ်သွားလျှောက်မယ်ဆိုပြီး စနောက် ပြောဆိုတာတွေ ရှိခဲ့ပါတယ်။

ချန်ကတော့ ခွင့်ရက်အပြည့် ယူမလား၊ ဒါမှမဟုတ် ခွင့်ရက်တွေကို ငွေနဲ့ပဲ လဲ သွားမလားဆိုတာ ကုမ္ပဏီနဲ့ ဆွေးနွေးတိုင်ပင်ကြည့်ဦးမယ်လို့ ဆိုထားပါတယ်။

Source: Straitstimes


LEAVE A REPLY

Please enter your comment!
Please enter your name here