ဧပြီ ၁၂ ရက်နေ့က ပျောက်ဆုံးသွားသည့် Taxi ယာဥ်မောင်းကို နှစ်ရက်အကြာတွင် သေဆုံးလျက်ပြန်လည်တွေ့ရိခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်မောင်းကို ပုတ်ပွလျက်ပြန်လည်တွေ့ရှိကာ ဓားဒဏ်ရာ ၃ချက်ဖြင့် သေဆုံးလျက် ယနေ့တွင် တွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။
အလောင်းတွေ့ရှိသည့် နေရာမှာအင်းစိန်ကြို့ကုန်းအနောက်သစ်တောဝန်း ခြုံပုတ်တနေရာတွင်တွေ့ရှိခြင်းဖြစ်ကြောင်း၊ ၁၃ ရက်နေ့တွင် Taxi ကားပေါ်၌ သွေးကွက်များနှင့် Taxi ကား ပြန်တွေ့ရှိပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ ရုပ်အလောင်းကို ကနောင် နာကူ/ရှင်ကူ အသင်းမှ အင်းစိန်သို့ပို့ဆောင် ကူညီခဲ့ကြောင်း သိရသည်။