စစ်ကိုင်းမြို့နယ်၊ကြွယ်ပုံကျေးရွာတွင် သင်္ကြန်ရေကစားနေသူများအနီး၌ Drop Bomb များပေါက်ကွဲ ကလေးငယ် ၅ ဦးအပါအဝင် ၈ ဦးသေဆုံး ၃၁ ဦးဒဏ်ရာရ

0
375

စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့နယ်၊ကြွယ်ပုံကျေးရွာရှိ အ.လ.ကကျောင်းရှေ့၌ ဧပြီ ၁၃ ရက်(သင်္ကြန်အကြိုနေ့)ညနေ ၅ နာရီ ၄၀ မိနစ်ခန့်က သင်္ကြန်ရေကစားနေသူများအနီးတွင် Drop Bomb ၄ လုံး ပေါက်ကွဲခဲ့ကြောင်း နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

လက်နက်ကိုင်အဖွဲ့ဝင်များသည် သင်္ကြန်ရေကစားနေသူများအနီးသို့ Drone ယာဥ်အသုံးပြုကာ Drop Bomb ၄ လုံးပစ်ချတိုက်ခိုက်ခဲ့သဖြင့် ပေါက်ကွဲမှုများဖြစ်ပွားပြီး ကလေးငယ် ၅ ဦးအပါ အဝင် ၈ ဦးသေဆုံးခဲ့ပြီး ၃၁ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက ထိခိုက်ဒဏ်ရာရသူများအား စစ်ကိုင်းမြို့ပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူနိုင်ရန် ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here