တာ့ခ်ခရိုင်မှမြန်မာစစ်ဘေးရှောင်ဒုက္ခသည် ၁၂,၀၀၀ နေရပ်ပြန်ပြီဟု ထိုင်းအာဏာပိုင်များဆို

0
352

ထိုင်းတော်ဝင်တပ်မတော်၏ပြောကြားချက်အရ ပြီးခဲ့သည့်ရက်သတ္တပတ် မှစ၍ ထိုင်းနိုင်ငံအတွင်းသို့ စစ်ဘေးရှောင်ရောက်လာကြသည့် မြန်မာနိုင်ငံစစ်ဘေးရှောင်ဒုက္ခသည်များ သည် ၎င်းတို့၏နေရပ်မြဝတီသို့ ပြန်သွားပြီဖြစ်ကြောင်းသိရှိရသည်။

RTA ဒုတိယ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဆရီချန်နသွန်ကမူ မဲဆောက်ခရိုင် မဲ့ကဆာ၌ခိုလှုံနေကြသည့် မြန်မာစစ်ဘေးရှောင်ဒုက္ခသည် ၈၉ ဦးသည် ဗုဒ္ဓဟူးနေ့က ထွက်ခွာသွားပြီဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

ထိုင်းအာဏာပိုင်များ၏ပြောကြားချက်အရ မြန်မာနိုင်ငံမှစစ်ဘေးရှောင်လာသူ ၁၂,၄၇၉ ဦးအား မဲ့ဆောက်နှင့်မဲ့ရမတ်ခရိုင်များရှိ  သတ်မှတ်ထားသောစစ်ရှောင်စခန်းနေရာ ၁၅ ခုတွင် ပြီးခဲ့သည့်ဧပြီလ ၅ ရက်နေ့မှစ၍ နေရာချထားပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

၎င်းတို့သည် မြန်မာစစ်တပ်နှင့်တိုင်းရင်းသားလက်နက်ကိုင်များအကြား ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကြောင့် ယခုကဲ့သို့ထိုင်းနိုင်ငံဘက်ခြမ်းသို့စစ်ဘေးရှောင်လာကြရခြင်းလည်းဖြစ်သည်ဟုဆိုပြီး ထိုင်းနိုင်ငံဘက်မှတာဝန်ရှိသူများက ယာယီစစ်ဘေးရှောင်စခန်းများဖွင့်လှစ်ကာကူညီပေးခဲ့ခြင်းလည်းဖြစ်သည်။

Source : The Thaiger


LEAVE A REPLY

Please enter your comment!
Please enter your name here