ထိုင်းတော်ဝင်တပ်မတော်၏ပြောကြားချက်အရ ပြီးခဲ့သည့်ရက်သတ္တပတ် မှစ၍ ထိုင်းနိုင်ငံအတွင်းသို့ စစ်ဘေးရှောင်ရောက်လာကြသည့် မြန်မာနိုင်ငံစစ်ဘေးရှောင်ဒုက္ခသည်များ သည် ၎င်းတို့၏နေရပ်မြဝတီသို့ ပြန်သွားပြီဖြစ်ကြောင်းသိရှိရသည်။
RTA ဒုတိယ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဆရီချန်နသွန်ကမူ မဲဆောက်ခရိုင် မဲ့ကဆာ၌ခိုလှုံနေကြသည့် မြန်မာစစ်ဘေးရှောင်ဒုက္ခသည် ၈၉ ဦးသည် ဗုဒ္ဓဟူးနေ့က ထွက်ခွာသွားပြီဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
ထိုင်းအာဏာပိုင်များ၏ပြောကြားချက်အရ မြန်မာနိုင်ငံမှစစ်ဘေးရှောင်လာသူ ၁၂,၄၇၉ ဦးအား မဲ့ဆောက်နှင့်မဲ့ရမတ်ခရိုင်များရှိ သတ်မှတ်ထားသောစစ်ရှောင်စခန်းနေရာ ၁၅ ခုတွင် ပြီးခဲ့သည့်ဧပြီလ ၅ ရက်နေ့မှစ၍ နေရာချထားပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
၎င်းတို့သည် မြန်မာစစ်တပ်နှင့်တိုင်းရင်းသားလက်နက်ကိုင်များအကြား ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကြောင့် ယခုကဲ့သို့ထိုင်းနိုင်ငံဘက်ခြမ်းသို့စစ်ဘေးရှောင်လာကြရခြင်းလည်းဖြစ်သည်ဟုဆိုပြီး ထိုင်းနိုင်ငံဘက်မှတာဝန်ရှိသူများက ယာယီစစ်ဘေးရှောင်စခန်းများဖွင့်လှစ်ကာကူညီပေးခဲ့ခြင်းလည်းဖြစ်သည်။
Source : The Thaiger