နယ်သာလန်၌ ရောဂါပြင်းထန်သည့် ကလေးများကိုပါ ညင်သာစွာသေဆုံးစေခြင်းပြုလုပ်ရန်ခွင့်ပြု

0
168

သည်ဟိတ်ဂ်၊ဧပြီ ၁၅

နယ်သာလန်‌၌ အသက်တစ်နှစ်မှဆယ့်နှစ်နှစ်ကြား နာမကျန်းဖြစ်နေသောကလေးများအတွက် ဆရာဝန်အကူအညီဖြင့်သေဆုံးစေခြင်းအား ထပ်တိုးလုပ်ဆောင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း နယ်သာလန်အစိုးရက ဧပြီ ၁၄ ရက်တွင်ပြောကြားခဲ့သည်။

စည်းမျဉ်းသစ်အရ တစ်နှစ်လျှင်ကလေးငါးယောက်မှဆယ်ယောက်အား ယင်းသို့ပြုလုပ်ရန်ခွင့်ပြုမည်ဖြစ်ကာ အဆိုပါက‌လေးများသည် ရောဂါအပြင်းအထန်ခံစားနေရပြီး တိုးတက်မှုမျှော်လင့်ချက်မရှိဘဲ သက်သာရာရစေမည့်ကုသစောင့်ရှောက်မှုမပေးနိုင်သည့်အခြေနေမျိုးဖြစ်ရမည်ဟုလည်းဖော်ပြထားသည်။

“ဒီလိုကလေးတွေအတွက် အခုလိုညင်သာစွာသေဆုံးစေခြင်းဟာ မျှော်လင့်ချက်မဲ့ပြီး သည်းမခံနိုင်ဖြစ်‌နေတဲ့သူတို့ရဲ့ဝေဒနာအတွက် သင့်တော်ကောင်းမွန်တဲ့ တစ်ခုတည်းသောရွေးချယ်မှုပါပဲ” ဟုလည်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

၂၀၀၂ ခုနှစ်မှစ၍ နယ်သာလန်သည် တင်းကျပ်သောစည်းမျဉ်းများဖြင့် ဆရာဝန်အကူညီနှင့်သေဆုံးစေခြင်းကို တရားဝင်ခွင့်ပြုသည့်ကမ္ဘာ့ပထမဆုံးနိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့သည်။

သို့သော် ယင်းသို့သေဆုံးစေခြင်းပြုလုပ်မှုအားလုံးကို ဆေးဘက်ဆိုင်ရာပြန်လည်သုံးသပ်ရေးဘုတ်အဖွဲ့ထံသို့ ဦးစွာတင်ပြရမည်ဟုသတ်မှတ်ခဲ့သည်။မူလဥပဒေအရ ရောဂါပြင်းထန်သည့် မွေးကင်းစကလေးငယ်များနှင့်အသက် ၁၂ နှစ်ထက်ကြီးသောသူများကိုသာ ပြုလုပ်ရန်ခွင့်ပြုထားခြင်းဖြစ်သည်။

သို့သော်နယ်သာလန်သည် အသက်အရွယ်ပေါင်းစုံသောကလေးများအတွက် ဆရာဝန်အကူအညီဖြင့် သေဆုံးခြင်းကိုခွင့်ပြုသည့် ပထမဆုံးနိုင်ငံတော့မဟုတ်ပေ။ဘယ်လ်ဂျီယံ၌မူ ၂၀၁၄ ခုနှစ်ကတည်းကခွင့်ပြုခဲ့ခြင်းဖြစ်သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here