စပိန်တောင်တက်သမားတစ်ဦးသည် မြေအောက်လိုဏ်ဂူထဲ ရက်ပေါင်းငါးရာအထိတစ်ကိုယ်တည်းနေခဲ့

0
874

မိုရီးလ်၊ဧပြီ ၁၅

အသက် ၅၀ အရွယ်ရှိ စပိန်နိုင်ငံမှတောင်တက်သမားအမျိုးသမီးတစ်ဦးသည် တစ်ဦးတည်းအထီးကျန်နေထိုင်ခြင်း၏ ခန္ဓာကိုယ်အပေါ်အကျိုးသက်ရောက်မှုကိုသိရှိနိုင်ရန် မြေအောက်လိုဏ်ဂူထဲ၌ ရက်ပေါင်း ၅၀၀ အထိ တစ်ဦးတည်းနေထိုင်နေရာမှ ဧပြီ ၁၄ ရက်နေ့က ပြန်ထွက်လာခဲ့သည်ဟုဆိုသည်။

၎င်းသည်ပြန်ထွက်လာပြီးနောက် တစ်နှစ်ခွဲကြာသည်အထိ မိမိကိုယ်ကိုမှလွဲ၍ အခြားမည်သူနှင့်မျှစကားမပြောဘဲနေခဲ့သည်ဟုဆိုပြီး ထိုအတွေ့အကြုံသည်ခက်ခဲသော်လည်း စိတ်လှုပ်ရှားစရာကောင်းသည်ဟုဆိုခဲ့သည်။

၎င်း၏တစ်ကိုယ်တော်နေထိုင်ခြင်းကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင်စတင်ခဲ့ပြီး ထိုအချိန်သည် ကိုဗစ်ရောဂါဖြစ်ပွားနေဆဲအချိန်ကာလလည်းဖြစ်သည်။

အရေးပေါ်အခြေအနေ၌ အကူအညီတောင်းရန် ဖုန်းခေါ်ဆိုနိုင်သည့် အင်တာနက်ကွန်ရက်တစ်ခုပျက်သွားခြင်းကြောင့် တစ်ပတ်အကြာဂူအပြင်၌‌နေခဲ့ရသည်မှလွဲ၍ ၎င်းသည်မြေအောက် မီတာ ၇၀ ၌သာရှိနေခဲ့သည်ဟုလည်းသိရသည်။

အဆိုပါချို့ယွင်းမှုအား ပြင်ဆင်ပြီးသည်နှင့်၎င်းသည် ဂူထဲသို့ပြန်ဝင်သွားသဖြင့် ပြင်ပ၌ဘာတွေဖြစ်နေသည်ကိုမသိရကြောင်းနှင့် ၎င်းအတွက် ယနေ့သည် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၁ ရက်နေ့အထိသာရှိသေးသည်ဟု မီဒီယာများအားပြောကြားခဲ့သည်။

၎င်းအတွက်ရိက္ခာအား ၎င်းနှင့်အဆက်သွယ်မလုပ်ဘဲ ကြိုတင်သတ်မှတ်ပြီးသားနေရာသို့ပို့ဆောင်ပေးကာ သဘာဝနေရောင်၊လူများနှင့်အဆက်သွယ်မရှိဘဲ မြေအောက်၌နေထိုင်ခဲ့ပြီး ၎င်း၏အတွေ့အကြုံအား ကင်မရာနှစ်လုံးဖြင့်ရိုက်ကူးနေ‌ခဲ့သည်ဟုဆိုသည်။

၎င်းအတွက်အခက်ခဲဆုံးအချိန်မှာ ဂူထဲသို့ယင်ကောင်များဝင်ရောက်လာချိန်ဖြစ်ပြီး သူ၏စွန့်စားမှုအား စွန့်လွှတ်ရန်မစဉ်းစားခဲ့ဟုလည်းဆိုခဲ့သည်။

Source : AFP
Photo:AFP


LEAVE A REPLY

Please enter your comment!
Please enter your name here