ထိုင်းနိုင်ငံ၊ဗန်ကောက်ဆေးရုံကြီး၌ ဆေးကုသမှုခံယူတော်မူခဲ့သည့် ဗန်းမော်ဆရာတော်ကြီး မန္တလေးမြို့သို့ ပြန်လည်ကြွရောက်တော်မူ

0
1150

ထိုင်းနိုင်ငံ၊ဗန်ကောက်မြို့ရှိ ဗန်ကောက်ဆေးရုံကြီး၌ မတ် ၂၆ ရက်မှစတင်ကာ ဆေးကုသမှုခံယူတော်မူခဲ့သည့် ဗန်းမော်ဆရာတော်ကြီးသည် ဧပြီ ၁၄ ရက်​နေ့က ထိုင်းနိုင်ငံမှတဆင့် မန္တလေးမြို့သို့ ပြန်လည်ကြွရောက်တော်မူခဲ့သည်။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီးသည် ဗန်ကောက်ဆေးရုံ၌ ကျန်းမာရေးစစ်ဆေးခြင်း၊မျက်စိခွဲစိတ်ကုသခြင်းများပြုလုပ်ပြီးနောက် ပြန်လည်ကြွလာခဲ့ခြင်းဖြစ်သည်။

ဗန်းမော်ဆရာတော်ကြီးသည် MAI လေကြောင်းလိုင်းဖြင့် မန္တလေးလေဆိပ်သို့ ပြန်လည်ကြွရောက်တော်မူလာခဲ့ရာ နစက အဖွဲ့ဝင်ဦးမောင်ကို၊မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်နှင့်တာဝန်ရှိသူများ၊တပည့်ဒါယကာ၊ဒါယိကာမများက ကြိုဆိုဖူးမြှော်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here