ဆိုင်ကယ်ကိုတိမ်းရှောင်ရာမှ သဲတင်ကားလမ်းဘေးသစ်ပင်ကိုဝင်တိုက် ၂ ဦးဒဏ်ရာရရှိခဲ့မှု တာချီလိတ်မြို့နယ်တွင်ဖြစ်ပွား

0
104

ရှမ်းပြည်နယ်၊တာချီလိတ်မြို့နယ်၊မိုင်းကိုးကျေးရွာအုပ်စု၊ပါအမ်ကျေးရွာတွင် ဧပြီ ၁၅ ရက်(ယ နေ့)မွန်းတည့် ၁၂ နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ သိရသည်။

ပါအမ်းကျေးရွာလမ်းအတိုင်းမောင်းနှင်လာသည့် ဆိုင်ကယ်အား သဲများတင်လာသည်ကားမှတိမ်း ရှောင်စဥ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိသစ်ပင်များအား ဝင်တိုက်မိခဲ့ကာ ကားမောင်းသူနှင့်လိုက် ပါလာသူတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“အသက်(၃၅)နှစ်ခန့် အမျိုးသားက ပုခုံးသစ်ငုပ်ဝင်ပြီး သွေးထွက်လွန်နေသလို ခေါင်းမှာလည်း ထိခိုက်ထားတယ် စိုးရိမ်ရအနေအထားပါ နောက်တစ်ယောက်က (၂၅)နှစ်ခန့်ပေါ့ သူကတော့ ခြေ ထောက်ပြဲရှဒဏ်ရာတစ်ခုပဲရထားတယ် မစိုးရိမ်ရပါဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှထိခိုက်ဒဏ်ရာရရှိသူ ၂ ဦးအား ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းကားဖြင့် တာချီလိတ်မြို့ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here