ကယားပြည်နယ်အစိုးရအဖွဲ့ရုံးဗဟိုမဏ္ဍပ်တွင် Drop Bomb ပေါက်ကွဲ ၂၈ ဦးဒဏ်ရာရ

0
155

ကယားပြည်နယ်၊လွိုင်ကော်မြို့ရှိ ပြည်နယ်အစိုးရအဖွဲ့၏ ဗဟိုမဏ္ဍပ်တွင် ဧပြီ ၁၅ ရက်(ယနေ့)နံ နက် ၉ နာရီခွဲခန့်က Drop Bomb ၁ လုံးပေါက်ကွဲခဲ့သည်ဟု နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

လက်နက်ကိုင်အဖွဲ့ဝင်များသည် ကလေးငယ်များအပါအဝင် ပြည်သူများသင်္ကြန်ရေကစားနေသည့် ပြည်နယ်အစိုးရအဖွဲ့၏ ဗဟိုမဏ္ဍပ်အား Deone ယာဥ်အသုံးပြု၍ Drop Bomb ၁ လုံးဖြင့် ပစ်ချဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Drop Bomb ပေါက်ကွဲမှုကြောင့် သင်္ကြန်ရေကစားနေသည့် အမျိုးသား ၁၅ ဦး၊အမျိုးသမီး ၁၃ ဦး (စုစုပေါင်း ၂၈ ဦး)တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များက လွိုင်ကော်မြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here