မုဒုံတွင်‌ ရေကန်အတွင်းသို့ ကလေး၃ဦး‌‌ ရေနစ်၊၁ဦးကိုသာအသက်ရှင်လျက်ကယ်ဆယ်နိုင် ကျန်၂ဦး သေဆုံး

0
126

မွန်ပြည်နယ်၊မုဒုံမြို့နယ်၊ကော့ပရံကျေးရွာရှိ ရေကန်တစ်ခုအတွင်း၌ ဧပြီ ၁၅ ရက်နေ့လည် ၃ နာရီခွဲခန့်က ကလေးငယ် ၃ ဦးရေနစ်ပျောက်ဆုံးခဲ့ကြောင်း မြန်မာ့လူငယ်(မုဒုံ)အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

ကော့ပရံကျေးရွာ၏ ရွာအထွက်တွင်ရှိသည့် ရေကန်ငယ်အတွင်း၌ ကလေးငယ် ၃ ဦးရေနစ်ပျောက်ဆုံးနေကြောင်း သတင်းအရ မြန်မာ့လူ ငယ်(မုဒုံ)အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

ထို့ကြောင့် ရေနစ်ပျောက်ဆုံးသွားသည့် ကလေးငယ် ၃ ဦးအနက် အသက်(၁၀)နှစ်အရွယ်ရှိ ကလေးငယ်အား အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့သဖြင့် မေတ္တာစမ်းရေလူမှုကူညီရေးအသင်း (ကော့ပရံကျေးရွာ)မှ မုဒုံမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြသည်။

ဆက်လက်ရှာဖွေရာ အသက်(၈)နှစ်နှင့်အသက် (၁၁)နှစ်အရွယ်ရှိ ကလေးငယ် ၂ ဦးအား သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့သဖြင့် မုဒုံမြို့ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“မိတ်ဖက်အသင်းတွေနဲ့ပေါင်းပြီး ကယ်ဆယ်ရေးလုပ်ခဲ့ပါတယ် ကလေး ၃ ယောက်လုံးက ယောင်္ကျားလေးတွေပါပဲ သိသိချင်းမှာကယ်ဆယ်ရေးလုပ်ခဲ့ပေမယ့် ၁ ဦးကိုပဲအသက်ရှင်လျက်ကယ်နိုင်ခဲ့တယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here