အရာတော်မြို့နယ်တွင် ရေကစားနေသူများအနီး၌ Drop Bomb ၂ လုံးပေါက်ကွဲ ကလေးငယ် ၃ ဦးအပါအဝင် ၁၃ ဦးဒဏ်ရာရ

0
102

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်၊ငွေတွင်းကျေးရွာရှိ ဓမ္မာရုံ၌ သင်္ကြန်ရေကစားနေသူများအနီးတွင် ဧပြီ ၁၅ ရက်(သင်္ကြန်အကြတ်နေ့)ညနေ ၅ နာရီခွဲခန့်က Drop Bomb ၂ လုံးပေါက်ကွဲခဲ့သည်ဟု နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

လပ်နက်ကိုင်အဖွဲ့ဝင်များက အရာတော်မြို့နယ်၊ငွေတွင်းကျေးရွာရှိ ဓမ္မာရုံ၌ ကလေးငယ်များအပါအဝင် ရွာသူ၊ရွာသားများ ရေကစားနေသည့်နေရာအား Drone ယာဉ်အသုံးပြုကာ Drop Bomb ၂ လုံး ပစ်ချတိုက်ခိုက်ခဲ့သည်။

Drop Bomb ၂ လုံးပေါက်ကွဲမှုကြောင့် ကလေးငယ် ၃ ဦးအပါအဝင် ၁၃ ဦး၌ ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် အရာတော်မြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“ဆေးရုံပို့တဲ့အချိန်မှာ စိုးရိမ်ရတဲ့လူ အနည်းအကျဥ်းပါတယ် ဒီနေ့ပြန်ကြားရသလောက်ဆိုရင် ထိုက်သင့်သလောက် သက်သာလာကြတယ်လို့သိရပါတယ်”ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here