ရွာသာကြီး-သဲဖြူကုန်းပြေးဆွဲနေသည့် ကျောက်ရထား မိုင်းခွဲတိုက်ခိုက်ခံရ

0
163

ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းရှိ ရွာသာကြီး-သဲဖြူကုန်းပြေးဆွဲနေသော အမှတ်(၆၈၈-A) အဆန်ရထား ဧပြီ ၁၄ ရက်နေ့လည် ၁ နာရီခန့်က သထုံမြို့နယ်၌ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရသည်ဟု နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

မြန်မာ့မီးရထားပိုင် လမ်းခင်းကျောက်များတင် ဆောင်ရန်ထွက်ခွာလာသည့် အမှတ်(၆၈၈-A)အ ဆန်ရထားသည် သထုံမြို့နယ်၊သထုံဘူတာနှင့်ရင်းငြိမ်ဘူတာကြား တံတားအမှတ်(၉၃)ကားလမ်းကူး၊မိုင်တိုင်အမှတ်၊ ၁၄၁/၁၅ နှင့် ၁၄၁/၁၄ အား ဖြတ်သန်းမောင်းနှင်စဉ် လက်နက်ကိုင်အဖွဲ့ဝင်များထောင်ထားသည့် မိုင်းပေါက်ကွဲခဲ့သည်။

မိုင်းပေါက်ကွဲမှုကြောင့် စက်ခေါင်း DF-2053 ၏ Cab-1 စက်ခေါင်းမောင်းရှေ့လေကာမှန်ကွဲအက် ၍ ရထားလမ်းအနောက်ဘက်သံလမ်း ၁ ပေခွဲခန့်နှင့် အရံအတွင်းသံလမ်းထိန်း ၄ ပေခန့်ပြတ်ထွက်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သထုံ-ရင်းငြိမ်လမ်းပိုင်းအား နေ့လည် ၁ နာရီခွဲတွင် ပိတ်ထားခဲ့ရ၍ လူစီးရထား ၁ စင်းမှာ တစ်နာရီခွဲခန့်၊ အမှတ်(၆၈၄)အဆန် တွဲလွတ်ကျောက်ရထားတို့နောက်ကျခဲ့ပြီး သံလမ်းအားပြန်လည်ပြုပြင်ခဲ့ရာ ညနေ ၄ နာရီ ၃၆ မိနစ်မှစ၍ ရထားများပုံမှန်ပြန်လည်ပြေးဆွဲ ပေးနိုင်ခဲ့ကြောင်း သိရသည်။

၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထား၏ ရန်ကုန်-ပဲခူး-မော်လမြိုင် လမ်းပိုင်းအတွင်း ရထားလမ်းများ၏ တံတားမိုင်းခွဲခံရမှု ၆ ကြိမ်၊သံလမ်းမိုင်းခွဲခံရမှု ၄ ကြိမ်၊လက် လုပ်မိုင်းပေါက်ကွဲ/တွေ့ရှိမှု ၆ ကြိမ်(စုစုပေါင်း ၁၆ ကြိမ်)၊ ဘူတာ/ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်စီးခံရမှု ၁ ကြိမ်ရှိခဲ့သည်။

ထို့ပြင် မြန်မာ့မီးရထားလမ်းကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းနှင့်ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်၊မိုင်းခွဲဖျက်စီးခံရမှု ၁၁၂ ကြိမ်၊ရထားတံတားများ မိုင်းခွဲဖျက်စီးခံရမှု ၃၇ ကြိမ်၊ဘူတာများအားမီးရှို့ဖျက်စီးခံရမှု ၁၁ ကြိမ်ရှိခဲ့ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊မြန်မာ့မီးရထားမှ နိုင်ငံအဝန်း ခရီးသွားလာမှု၊ကုန် စည်ပို့ဆောင်မှုများအဆင်ပြေစေရေး၊ပြည်တွင်းထုတ်ကုန်များနှင့်နယ်စပ်ဒေသမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများအဆင်ပြေချောမွေ့ စွာ စီးဆင်းနိုင်ရေးတို့အတွက် ရထားကွန်ယက်ကြီးတစ်ခုလုံးတွင် အမြန်လူစီးရထားခရီးစဉ် ၁၈ စင်း၊စာပို့ရထားခရီးစဉ် ၁၂ စင်း၊လူစီးကုန်တင်ရထားခရီး စဉ် ၈ စင်း၊ရန်ကုန်မြို့ပတ်နှင့်ဆင်ခြေဖုံးရထားခ ရီးစဉ် ၃၀ စင်း(စုစုပေါင်း ရထားခရီးစဉ် ၆၈ စင်း) တို့နှင့်ကုန်ရထားခရီးစဉ်များကို နေ့စဉ်စီစဉ်ပြေးဆွဲလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here