သဲများတင်လာသည့် ၂၂ ဘီးတွဲကား အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်ရာမှ အိမ်စီးကားပေါ်ပိမိ၍ အိမ်စီးကားပေါ်ပါ ၆ ဦးလုံးသေဆုံး

0
272

ရှမ်းပြည်နယ်၊မူဆယ်မြို့နယ်၊မူဆယ်မှကျင်စန်းကော့ဂိတ်သွားကားလမ်းပေါ်တွင် ဧပြီ ၁၆ ရက် (ယနေ့)နံနက် ၁၁ နာရီခွဲခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူဆယ်မှကျင်စန်းကျော့ဂိတ်သို့သွားသည့် ကားလမ်းပေါ်တွင် သဲများတင်ဆောင်လာသည့် ၂၂ ဘီးတွဲကားသည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ရာ တစ်ဘက်ယာဉ်ကြောမှမောင်းနှင်လာသော Nissan အိမ်စီးကားပေါ်သို့ ပိမိသွားခဲ့ကြောင်း သိရသည်။

မူဆယ်ခရိုင်မီးသတ်စခန်းမှမီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြရာ အိမ်စီးကားပေါ်တွင် လိုက်ပါလာသည့် အမျိုးသား ၂ ဦးနှင့်အမျိုးသမီး ၄ ဦးတို့အား သေဆုံးလျက်သယ်ထုတ်ခဲ့ရသည်။

ထို့ကြောင့် သေဆုံးသူ ၆ ဦး၏ရုပ်အလောင်းများအား မြင့်မြတ်ပါရမီပရဟိတအသင်း၊ပါရမီပရဟိတအသင်း၊မောက်ကွမ်တိုင်းပရဟိတအသင်းနှင့်လက်ဘက်ညွန်ပရဟိတအသင်းတို့မှ မူဆယ်ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here