ကူမင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကျင်းပ

0
110

ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အား ဧပြီ ၁၅ ရက်(သင်္ကြန်အကြတ်နေ့)နံနက်ပိုင်းကကျင်းပရာ ကူမင်းမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ် ဝန်ချုပ်များ တက်ရောက်ဆင်နွှဲခဲ့ကြသည်။

မြန်မာကောင်စစ်ဝန်ချုပ်ဦးသော်တာအောင်မှ နှစ်သစ်ကူးအမှာစကားနှင့်နှစ်သစ်ကူးဆုမွန်ကောင်းများပြောကြားခဲ့ပြီး ကောင်စစ်ဝန်ချုပ်ရုံး မိသားစုများမှ သင်္ကြန်အဆိုအကများဖြင့် ကပြသီဆိုဖျော်ဖြေကာ တက်ရောက်လာကြသူများနှင့်အတူ ရေသဘင်ပွဲတော်အား ဆင်နွှဲခဲ့ကြသည်။

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၏ ရေသဘင်ပွဲတော်သို့ ယူနန်ပြည်နယ်၊စီးပွားရေးဌာနမှ ညွှန်ကြားရေး မှူးချုပ် မစ္စတာလီချန်းယန်၊ယူနန်ပြည်နယ်၊နိုင်ငံ ခြားရေးရုံးမှ ဒု-ညွှန်ကြားရေးမှူးချုပ် မစ္စတာယန်ရှောက်ချန်းနှင့်တာဝန်ရှိသူများ၊ကူမင်းမြို့အခြေ စိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များ၊သံတမန်များ၊မြန်မာကျောင်သား/ကျောင်းသူများ၊ယူနန်တက္ကသိုလ် မြန်မာစာ သင် ကြားရေးဌာနမှ ဆရာ၊ဆရာမများနှင့်ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here