မန္တလေးတပ်နယ်ရှိ မိသားစုရေသဘင်မဏ္ဍပ်များတွင် နစက ဥက္ကဋ္ဌ၏ဇနီး ကြည့်ရူ့အားပေး

0
97

နစက ဥက္ကဋ္ဌ၏ဇနီး ဒေါ်ကြူကြူ​လှသည် ဧပြီ ၁၆ ရက်(သင်္ကြန်အတက်နေ့)၌ မန္တလေးတပ်နယ်ရှိ မိသားစုရေသဘင်မဏ္ဍပ်များဖြစ်သည့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ “နန်းမြို့သူ”မိသားစုအတာရေသဘင်မဏ္ဍပ်၊တပ်ရင်း၊တပ်ဖွဲ့များ၏ အရာရှိ၊စစ်သည်၊မိသားစုဝင်များ၏ ရေသဘင်မဏ္ဍပ်များသို့ သွားရောက်၍ကြည့်ရှုအားပေးခဲ့သည်။

မန္တလေးတပ်နယ်ရှိ ရေသဘင်မဏ္ဍပ်များ၌ ယိမ်းအကအဖွဲ့များ၏ ကပြဖျော်ဖြေမှုများ၊သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး အတာရေပက်ဖျန်းကာ ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here