NLD အစိုးရ လက်ထက် စီမံ/ဘဏ္ဍာ ဝန်ကြီးဟောင်း ဦးကျော်ဝင်း လွတ်ငြိမ်ချမ်းသာခွင့်ဖြင့် ပြန်လွတ်လာ

0
239

ယနေ့(နှစ်ဆန်းတစ်ရက်နေ့)တွင် လွှတ်ပေးခဲ့သည့် အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်ထဲတွင် နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေနှင့် ထောင်ဒဏ် (၃) နှစ် ချမှတ်ခံထားရသည့် NLD အစိုးရလက်ထက် စီမံ/ဘဏ္ဍာ ဝန်ကြီးဟောင်း ဦးကျော်ဝင်းလည်း ပါဝင်လာကြောင်း နီးစပ်သူများထံမှ သိရသည်။

စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းသည် ဒေါ်အောင်ဆန်းစုကြည်၊ စီးပွားရေးအကြံပေး သြစတေးလျ နိုင်ငံသား မစ္စတာ ရှောင်တာနယ်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးစိုးဝင်း၊ ဒုဝန်ကြီးဟောင်း ဦးဆက်အောင်တို့နှင့်အတူ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေဖြင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ထောင်ဒဏ် (၃) နှစ် ချမှတ်ခံရခြင်းဖြစ်သည်။

၎င်းနှင့်အတူ ထောင်ဒဏ်ချမှတ်ခံခဲ့ရသည့် ဦးစိုးဝင်းနှင့် မစ္စတာရှောင်တာနယ်တို့ကို ပြီးခဲ့သည့် တစ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့ပြီး မစ္စတာရှောင်တာနယ်ကို လေဆိပ်မှတဆင့် နယ်နှင်ဒဏ်ပေးခဲ့ကြောင်း အဆိုပါရက်က နစက၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ယနေ့ ဧပြီလ (၁၇) ရက် မြန်မာနှစ်ဆန်း (၁) ရက်တွင် နစက အစိုးရက အကျဥ်းသား (၃၀၁၅) ဦးကို မင်္ဂလာနှစ်သစ်အခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊လူသားချင်းစာနာထောက်ထားမှု အနေဖြင့်လည်းကောင်း ၎င်းတို့ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းထောင်/အချုပ် ထောင်/စခန်းအသီးသီးတို့မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အကျဉ်းသား (၃၀၁၅)ဦးတွင် အင်းစိန် အကျဉ်းထောင်မှ အကျဉ်းသား ၂၀၀ ဝန်းကျင် ပြန်လည်လွတ်မြောက်လာပြီး အများစုမှာ မူးယစ်ဆေးဝါးမှုများဖြင့် ထောင်ဒဏ်ကျခံနေရသူများ ဖြစ်ကြောင်း ပြန်လည်လွတ်မြောက်လာသည့် အကျဉ်သားများထံမှ စုံစမ်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here