ပူတင်နှင့် တရုတ်ကာကွယ်ရေးဝန်ကြီးတို့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် ကတိပြု

0
211

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တရုတ် ကာကွယ်ရေးဝန်ကြီး လီရှန်ဖူတို့သည် ဧပြီလ ၁၆ ရက် တနင်္ဂနွေနေ့တွင် မော်စကို၌ တွေ့ဆုံခဲ့ပြီး ၎င်းတို့နှစ်နိုင်ငံကြား စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရန် ကတိပြုခဲ့ကြကြောင်း သိရသည်။

လီက တရုတ်နိုင်ငံသည် ရုရှားစစ်တပ်နှင့် ၎င်း၏ စစ်တပ်တို့ကြား မဟာဗျူဟာမြောက် ဆက်ဆံရေးထားရှိရန်အတွက် အတူတကွ လက်တွဲလုပ်ဆောင်လိုနေပြီး ရုရှားနိုင်ငံနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှုတွင်လည်း ပိုမိုအားကောင်းလာစေရန် အဆင်သင့်ပြင်ထားသည်ဟု ပူတင်နှင့် ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂေး ရွှိုင်ဂူအား ပြောခဲ့ကြောင်း တရုတ်အစိုးရပိုင် စီစီတီဗွီ သတင်းဌာနက ဖော်ပြထားသည်။

ပူတင်ကလည်း တရုတ်နှင့် ရုရှားတို့သည် ၎င်းတို့၏ စစ်ဘက်ဆိုင်ရာ ဌာနများမှတစ်ဆင့် တက်ကြွစွာ လက်တွဲလုပ်ဆောင်နေပြီး အသုံးဝင်သော သတင်းအချက်အလက်များအား ပုံမှန်ဖလှယ်နေသည့်အပြင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများလည်း လုပ်ဆောင်နေသည်ဟု ပြောသည်။

လီ၏ ရုရှားခရီးစဉ်သည် ရှီကျင့်ဖျင်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုဖြစ်စဉ်ကို ကြည့်ခြင်းဖြင့် တရုတ်နှင့် ရုရှားတို့ကြား ဆက်ဆံရေး ပိုမိုအားကောင်းလာနေသည့်အပြင် ထိပ်ပိုင်းခေါင်းဆောင်များကြား ထိတွေ့ဆက်ဆံမှုပိုစိပ်လာသည်ကို တွေ့ရသည်။

ယခုကဲ့သို့ ဆက်ဆံရေး ပိုမိုအားကောင်းလာသည်နှင့်အမျှ ယူကရိန်း၌ ရုရှားတို့ အသုံးပြုနေသော လက်နက်များတွင် တရုတ်နိုင်ငံမှ ပစ္စည်းများလည်း ပါဝင်လာနေကြောင်း ကိယက်ဗ်ရှိ အကြီးတန်း အရာရှိတစ်ဦးက ပြောလာသည်။

Source:The Guardian


LEAVE A REPLY

Please enter your comment!
Please enter your name here