အင်းစိန် အကျဉ်းထောင်မှ အကျဉ်းသား(၂၀၀)ဝန်းကျင်ကိုလွတ်ငြိမ်းချမ်းသာခွင့်ဖြင့်ပြန်လွှတ် ၊ နိုင်ငံရေး အကျဉ်းသား တစ်ဦးမှမပါ

0
256

ယနေ့ နှစ်ဆန်းတစ်ရက် နံနက် (၁၁) နာရီခွဲ ဝန်းကျင် အချိန်မှ စတင်ကာ အင်းစိန်အကျဉ်းထောင်မှအကျဉ်းသား (၂၀၀) ဝန်းကျင်ကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့ပြီး ပြန်လည်လွတ်မြောက်လာသူများထဲတွင် နိုင်ငံရေး အကျဉ်းသား တစ်ဦးမျှ မပါကြောင်း ပြန်လည်လွတ်မြောက်လာသည့် အကျဉ်းသားများ၏ ပြောပြချက်အရ သိရသည်။

ယနေ့နံနက်ပိုင်းတွင် နိုင်ငံတဝန်းရှိ အကျဉ်းထောင်များမှ အကျဉ်းသား ၃၀၁၅ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ခြင်းဖြစ်ပြီး ယင်းအရေအတွက်ထဲတွင် အင်းစိန်အကျဉ်း ထောင်မှ ပြန်လည်လွတ်မြောက်သူ ၂၀၀ ဝန်းကျင်လည်း အပါအဝင် ဖြစ်သည်။

နစက၏ ထုတ်ပြန်ချက်အရ နိုင်ငံတဝန်းရှိ အကျဉ်း ထောင်/အချုပ်ထောင်/စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/သူ ၃၀၁၅ ဦးတို့ကို လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ် မခွဲ (၁) အရ နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်း သတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုမည်ဖြစ်ကြောင်း ကြေညာထားခြင်းလည်း ဖြစ်သည်။

ယနေ့ ပြန်လည်လွတ်မြောက်လာသည့် အကျဉ်းသား ၃၀၀၀ ကျော်တွင် နိုင်ငံခြားသား (၉၈) ဦးလည်း ပါဝင်ကြောင်း နစက၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here