ယူကရိန်းထံမှ ဂျုံတင်သွင်းမှု ဆလိုဗားကီးယားနိုင်ငံ ယာယီရပ်ဆိုင်းပြန်

0
233

ယူကရိန်းနိုင်ငံမှ လယ်ယာထွက်ကုန်များတင်သွင်းမှုကို ဇွန်လ ၃၀ ရက်အထိ ယာယီတားမြစ်ပိတ်ပင်လိုက်ကြောင်း ပိုလန်နှင့် ဟန်ဂေရီနိုင်ငံတို့က ဧပြီ ၁၆ ရက်နေ့က ကြေညာခဲ့ပြီးနောက် ဆလိုဗားကီးယားနိုင်ငံကလည်း ယူကရိန်းနိုင်ငံမှ ဂျုံတင်သွင်းမှုကို ယာယီရပ်ဆိုင်းမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

ယူကရိန်းနိုင်ငံမှ ဂျုံနှင့် အခြား ထုတ်ကုန် အမျိုးအစား အများအပြား တင်သွင်းမှု ခေတ္တပိတ်ပင်ကန့်သတ်ရေးကိစ္စနှင့် ပတ်သက်၍ အစည်းအဝေးကိုမူ မကြာမီပြုလုပ်သွားမည် ဟု ဆလိုဗက် အစိုးရအဖွဲ့ရုံးက သတင်းထုတ်ပြန်ထားကြောင်း သိရသည်။ “ယူကရိန်းနိုင်ငံကို နိုင်ငံတော်အဆင့် ကုန်ပစ္စည်းထောက်ပံ့မှု ထိန်းချုပ်ဖို့ တင်းကျပ်တဲ့မူဝါဒတွေ ချမှတ်ဖို့ လိုအပ်ပါတယ်” ဟု ဆလိုဗားကီးယားအစိုးရ၏ ပြောကြားချက်ကို ကိုးကား၍ သတင်းစာများက ဖော်ပြခဲ့သည်။

ယူကရိန်းမှ စိုက်ပျိုးရေးထွက်ကုန်များတင်သွင်းမှုကြောင့် မိမိတို့နိုင်ငံမှ လယ်သမားများ၏ ဝင်ငွေမှာ သိသာထင်ရှားသောဆုံးရှုံးမှုများကို ခံစားခဲ့ရသဖြင့် ယခုကဲ့သို့ ယာယီတားမြစ်ပိတ်ပင်ရခြင်းဖြစ်ကြောင်း ပိုလန်နှင့် ဟန်ဂေရီတို့က ဆိုကြသည်။

ပိုလန်၊ ဟန်ဂေရီနှင့် ဆလိုဗားကီးယားနိုင်ငံတို့သည် နေတိုးစစ်အုပ်စု အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here