အစိုးရအဖွဲ့မှ နစက၏ အတည်ပြုချက်ဖြင့် ပြည်ပချေးငွေရယူနိုင်​ကြောင်းပြဋ္ဌာန်း

0
366

ပြည်ထောင်စုအစိုးရအဖွဲ့မှ ပြည်တွင်းမှဖြစ်စေ၊ ပြည်ပမှဖြစ်စေ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) ၏အတည်ပြုချက်ဖြင့် ငွေချေးယူနိုင်ကြောင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေအတွင်း ထည့်သွင်းပြဋ္ဌာန်းထားခြင်းဖြစ်သည်။

လုပ်ငန်းစီမံချက်များအတွက်ဖြစ်စေ၊ ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းပါ အသုံး စရိတ်များအတွက်ဖြစ်စေ၊ ပြည်ထောင်စုက တာဝန်ယူရသော ချေးငွေစာချုပ်များ သို့မဟုတ် အာမခံစာချုပ်များ ထုတ်ပေးခြင်းဖြင့်လည်ကောင်း၊ အခြားနည်းလမ်းများဖြင့်လည်ကောင်း ချေးငွေရယူနိုင်သည်ဟု ဖော်ပြထားသည်။

ယင်းအပြင် ချေးငွေရယူသည့်အခါတွင်လည်း သင့်သည်ဟု ထင်မြင်သည့် အတိုးနှုန်းများ သတ်မှတ်နိုင်ပြီး ပြန်ဆပ်ရန်၊ ပြန်ရွေးရန် သို့မဟုတ် အခြားနည်းစီမံရန် စည်းကမ်းချက်များကိုလည်း ပြုလုပ်နိုင်ကြောင်း ထည့်သွင်းပြဋ္ဌာန်းထားသည်။မြန်မာနိုင်ငံတော်မှ ငွေချေးရယူခြင်းအတွက် အတိုးနှုန်းနှင့် လိုအပ်သော စည်းကမ်းချက်များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ညှိနှိုင်းပြီးမှ သတ်မှတ်နိုင်သည်ဟု ချေးငွေယူခြင်းကဏ္ဍတွင် ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here