မြန်မာနိုင်ငံတွင် ပထမဆုံး ကမ္ဘာ့အဆင့်မီ LED မှန်တံတားထည့်သွင်းဆောက်လုပ်ထားသည့် ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း(B.E FALLS)သို့ နစက ဥက္ကဋ္ဌသွားရောက်ကြည့်ရှု

0
172

နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧပြီလ (၁၇) ရက် နံနက်ပိုင်းက ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံတွင် ပထမဆုံး ကမ္ဘာ့အဆင့်မီ LED မှန်တံတားထည့်သွင်းဆောက်လုပ်ထားသည့် ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (B.E FALLS)သို့ သွားရောက်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ သွားရောက်ခဲ့ပြီးနောက် နစက ဥက္ကဋ္ဌသည် ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (B.E FAL LS)အတွင်း အသစ်တည်ဆောက်ထားသည့် Sky Cable Car ကိုလိုက်ပါစီးနင်းကာ ဆင်အလှပြ ပြကွက်များကို ကြည့်ရှုအားပေးကာ အပန်းဖြေစခန်းအတွင်း ပန်းခင်းများကိုနေရောင်ခြည်စွမ်းအင်သုံး ရေတင်စက်ဖြင့် ရေဖျန်းနေမှုကိုကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ယခင်က စနစ်ကျသည့် အကွက်ချမှုမရှိခြင်း၊ ဈေးဆိုင်ခန်းများ များပြားခြင်း၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း၊ သစ်ပင်များ ခုတ်လှဲခြင်းတို့ကြောင့် သဘာဝပတ်ဝန်းကျ င်နှင့် ဂေဟစနစ်ပျက်စီးယိုယွင်းမှုများ ဖြစ်ပေါ်နေသည့် ပွဲကောက်ရေတံခွန်အား နစက ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ အဆင့်မြှင့်တင်ကာ ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အပန်းဖြေစခန်းအတွင်း၌ ရေတံခွန် (၃) ခုရှိပြီး မြန်မာနိုင်ငံတွင် ပထမဆုံး LED မှန်တံတားကိုလည်း ကမ္ဘာ့အဆင့်မီ ထည့်သွင်းဆောက်လုပ်ထား၍ မှန်တံတားအောက်ခြေရှုခင်းများကို ခံစားနိုင်မည်ဖြစ်သည်။

လက်ရှိတွင် ပွဲကောက်အပန်းဖြေစခန်းသို့ လာရောက်လည်ပတ်သူများ စိတ်အပန်းပြေစေရန် အဆင့်မြှင့်တင် ဆောင်ရွက်ထားပြီး မှန်တံတား၊ ကြိုးတံတားများအပြင် log house၊ coffee shop၊ တောတွင်းလျှောက်လမ်းများ၊အပန်းဖြေနေရာများ၊ ကလေးကစားကွင်းများကိုပါထည့်သွင်းအဆင့်မြှင့်တင်ထားရှိပြီး နှစ်စဉ်ပန်းပွဲတော်ကျင်းပသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် အရှည် (၅၅၄) မီတာရှိ Sky Cable Way ကိုလည်းတည်ဆောက်ထားကာ Sky Cable Car များကို စီးနင်း၍ သဘာဝပတ်ဝန်းကျင် အလှအပများကို ကြည့်ရှုခံစားနိုင်ပြီး သင်္ကြန်ကာလအတွင်း၌ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း(B.E FALLS)သို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားပြည်သူများ လာရောက်လည်ပတ်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here