သင်္ကြန်ကာလအတွင်း ချောင်းသာသို့ ခရီးသွားဧည့်သည် ၂၀၀၀၀ နီးပါးဝင်ရောက်ခဲ့

0
280

သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ချောင်းသာသို့ ခရီးသွားဧည့်သည် ၂၀၀၀၀ နီးပါးဝင်ရောက်မှုရှိခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန(ချောင်းသာဌာနခွဲ) မှ သိရသည်။

အဆိုပါချောင်းသာကမ်းခြေသို့ ၂၀၂၂ ခုနှစ်အတွင်း ပြည်ပခရီးသွားဧည့်သည် ၄၂၆ ဦး၊ ပြည်တွင်းခရီးသွားဦးရေ ၄၄၄၁၅၄ ဦး စုစုပေါင်း ၄၄၄၅၈၀ ဦးသွားရောက်မှုရှိခဲ့သည်။

” ဟိုတယ်ခရီးရဲ့စာရင်းအရဆိုရင် ၃၄၀၀ လောက်ရှိတယ်။ တခြားစည်ပင်ခွင့်ပြုချက်နဲ့ဖွင့်တဲ့ တည်းခိုခန်းတွေအပါအဝင် ရွာထဲတွေမှာလည်းတည်းတဲ့ ခရီးသည်တွေကို ပေါင်းလိုက်ရင် ၂၀၀၀၀ နီးပါးလောက်တော့ ဝင်ရောက်မှုရှိခဲ့တယ်။ နေ့ချင်းပြန်လာတာတွေလည်းရှိတယ်။ မနှစ်ကနဲ့ယှဉ်ရင်တော့ ခရီးသည်ပိုများလာတယ်”ဟု ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန(ချောင်းသာဌာနခွဲ) မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

သင်္ကြန်ကာလ ရုံးပိတ်ရက်တွင် ပင်လယ်ကမ်းခြေသို့ အများဆုံးသွားရောက်မှုရှိခဲ့ပြီး ရှမ်းပြည်တောင်ပိုင်း၊ မန္တလေး၊ ပုဂံဒေသနှင့် ကျိုက်ထီးရိုးခရီးစဉ်ဒေသတွေကိုလည်း သွားရောက်လည်ပတ်သူများရှိခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here