မြန်မာပြည်သိန်းတန်ကို လေးစားအားကျသူ ဇေရဲထက်

0
283

zayy

“ဖက်ရှင်” လို့ အမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားကို နာမည်ကျော်အဆိုတော် မြန်မာပြည်သိန်းတန်တို့ဇနီး မောင်နှံ၊ ခင်ဝင့်ဝါတို့နဲ့အတူ ဇေရဲထက်က ပါဝင်သရုပ်ဆောင်ရိုက်ကူးလျက်ရှိနေပါတယ်။ အဲဒီဇာတ်ကားကိုတော့ ဒါရိုက်တာကျော်ဇောလင်း (အတွေးပုံရိပ်)က အောင်တိုင်းကျော် ရုပ်ရှင်ထုတ်လုပ် ရေးအတွက် ရိုက်ကူးတင်ဆက်ပေးနေတာ ဖြစ်ပါတယ်။ ဇေရဲထက်ကတော့ သူ့အနေနဲ့ အခုလိုမျိုး ဂီတ လောကနယ်ပယ်ထဲက နာမည်ကျော်အဆိုတော်နဲ့ တွဲဖက်သရုပ်ဆောင်ရတာဟာ သူ့အတွက် ပထမဦးဆုံးဘဝအမှတ်တရတစ်ခုပဲ ဖြစ်ကြောင်း ဆိုပါတယ်။

ဇေရဲထက်က ဦးမြန်မာပြည်သိန်းတန်ဟာ အနုပညာအပေါ်ကို တအားတန်ဖိုးထားရူးသွပ်တာကို ရိုက်ကွင်းပေါ်မှာ မြင်တွေ့ခဲ့ရကြောင်း ဆိုပါတယ်။ ” ဦးမြန်မာပြည်သိန်းတန် က အနုပညာကို တအားတန်ဖိုးထားတာ တွေ့ရတယ်။ အဆိုတော်တစ်ဦးဖြစ်နေလို့လားတော့ မသိဘူး။ သူ့ရဲ့သရုပ်ဆောင်မှုတွေက တအားကောင်းပါတယ်။ သူရဲ့ဒိုင်ယာလော့ခ် အပြောတွေပေါ်မှာ မျောပြီးတော့ ကျွန်တော်ကိုယ်တိုင် လိုက်ပါစီးမျောပြီးတော့ အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ဦးမြန်မာပြည်သိန်းတန်ကို လေး စားသဘောကျရသူပါ” လို့ ဇေရဲထက် က ပြောပြပေးပါတယ်။ ဇေရဲထက်ကတော့ ရုပ်ရှင်ဇာတ်ကားကြီး စုစုပေါင်းဇာတ်ကား ၃ဝ ရိုက်ကူးဖို့ လက်ခံထားရာမှာ ၄ ကားအထိသာ ရိုက်ကူးပြီး စီးသေးတယ်လို့ ဆိုပါတယ်။ ” ကျွန်တော့်အနေနဲ့ ဇာတ်ကားတစ်ကားနဲ့ တစ်ကား မှာ ပုံစံမတူစေချင်ဘူး။ အဝတ်အ စားပိုင်းဆိုင်ရာကအစ အိုက်တင်အထိအဆုံးပေါ့။ ဇာတ်ကားတိုင်းမှာပေါ့။ ဇာတ်လမ်းပုံစံတွေလည်း မထပ်ချင်တော့ သေချာစိစစ် ရွေးချယ်ဖြစ်တယ်” လို့ ဇေရဲထက်က ပြောပြပေးခဲ့ပါတယ်။

ထက်လူ
ဓာတ်ပုံ-မျိုးကျော်(ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here