(၇)နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တောင်ကိုရီးယားနှင့်ဂျပန်ဘဏ္ဍာရေးဝန်ကြီးများတွေ့ဆုံဆွေးနွေး

0
110

ဆိုးလ်/တိုကျို၊ဧပြီ ၁၇

တောင်ကိုးရီးယားနှင့်ဂျပန်ဘဏ္ဍာရေးဝန်ကြီးတို့သည် လာမည့်လအစောပိုင်း၌ ခုနစ်နှစ်အတွင်း ပထမဆုံးအကြိမ် နှစ်နိုင်ငံတွေ့ဆုံမှုပြုလုပ်မည်ဖြစ်‌ကြောင်းသိရသည်။

ယင်းနောက် သံတမန်ရေးရာပဋိပက္ခများကြောင့် အနှောင့်အယှက်ဖြစ်နေသည့် စီးပွားရေးမူဝါဒများကို ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်မည်ဟုလည်းဆိုထားသည်။

၎င်းတို့သည် တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့တွင် မေလ ၂ ရက်မှ ၅ ရက်အထိကျင်းပမည့် အာရှဖွံ့ဖြိုးရေးဘဏ်၏ နှစ်ပတ်လည်အစည်းအဝေးပြင်ပ၌တွေ့ဆုံကြမည်ဖြစ်ပြီး အခြားအသေးစိတ်အချက်အလက်များကို မဆုံးဖြတ်ရသေးကြောင်းပြောကြားခဲ့သည်။

ယခုတွေ့ဆုံမှုသည် ပုံမှန်နှစ်နိုင်ငံတွေ့ဆုံပွဲများကို ပြန်လည်အသက်သွင်းနိုင်ရန်အတွက် ပထမဆုံးခြေလှမ်းဖြစ်လာနိုင်သဖြင့် အရေးကြီးသည်ဟု တောင်ကိုရီးယားဝန်ကြီးကပြောကြားခဲ့သည်။

နှစ်နိုင်ငံဘဏ္ဍာရေးဝန်ကြီးများအကြား ပုံမှန်နှစ်ပတ်လည်အစည်းအဝေးများကို စစ်အတွင်းသမိုင်းဆိုင်ရာ အငြင်းပွားမှုများကြောင့် ၂၀၁၆ ခုနှစ်ကတည်းက ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်သည်။

သို့သော် ပြီးခဲ့သည့်လကတွေ့ဆုံခဲ့ကြသည့် တောင်ကိုရီးယားသမ္မတနှင့်ဂျပန်ဝန်ကြီးချုပ်တို့၏တွေ့ဆုံမှု၌ သမိုင်းအကြောင်းအရာများကိုဘေးဖယ်လျက် ဒေသတွင်းလုံခြုံရေးစိန်ခေါ်မှုများကို အတူလက်တွဲဖြေရှင်းရန်ကတိပြုခဲ့ကြသည်ဟုလည်းသိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here